Thursday, September 26, 2013

ဘူးသီးတောင်တွင် အကြမ်းဖက်တိုက်ခိုက်ရန် ခြိမ်းခြောက်ပြောဆိုသူ ဘင်္ဂလီနှစ်ဦးအား ဒဏ်ငွေချမှတ်

 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများဖြစ်ပေါ်နိုင်သည့် စကားလုံးများဖြင့် ဆဲဆို အကြမ်းဖက်ရန် ခြိမ်းခြောက်ခဲ့သူ ဘင်္ဂလီနှစ်ဦးအား မြို့နယ်တရားရုံးက ဒဏ်ငွေကျပ်လေးထောင်စီ ပေးဆောင်စေရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အမှုဖြစ်စဉ်မှာ ဇူလိုင်လအတွင်းက ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်နေသူ ဒေါ်လှစောခင်သည် ဆံပင်၊ ဆံကျွတ်များ ဝယ်ယူရန် ကျေးရွာများသို့ သွားစဉ် အလယ်ချောင်းကျေးရွာလမ်းသို့ရောက်သောအခါ ဘင်္ဂလီလူမျိုးများက အကြမ်းဖက်ရန် အော်ဟစ်ဆဲဆို ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် မြို့နယ်ရဲစခန်းသို့ သတင်းပေးပို့ တိုင်ကြားခဲ့သည့် အမှုဖြစ်သည်။

၎င်းအမှုကို မြို့နယ်ရဲတပ်ဖွဲ့စခန်းက (ပ)၅၄/၂ဝ၁၃ဖြင့် လက်ခံ၍ သံသယရှိသူများကို စစ်ဆေးခဲ့ပြီး အလယ်ချောင်းကျေးရွာနေ နူရ်အီစလာမ်နှင့် နော်လီဟူဆောင်းတို့ကို တရားစွဲဆိုတင်ပို့ခဲ့ရာ မြို့နယ် တရားသူကြီးက စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၉၄/၅ဝ၆ဖြင့် ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်ကာ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေလေးထောင်စီ ပေးဆောင်စေရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဒဏ်ငွေချမှတ်ခြင်းသည် ထိရောက်ဟန့်တားနိုင်သော ပြစ်ဒဏ်မဟုတ်ပဲ ထပ်မံ၍ ယခုကဲ့သို့ အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး တရားစီရင်ချက်ကို ရိုးသားမှုမရှိဟု သံသယဖြစ်နေကြသည်။

( ကိုအောင်(ခရမ်းပြာ) က Coral Arakan News သို့ ရေးသားပေးပို့သည် )





0 Comment Box:

Post a Comment


 

Comment Box

Followers