Sunday, September 15, 2013

ဟစ်ဟော့ပ်က ဆိုရတာလွယ်တယ် ဆိုတဲ့ ထက်ထက်(Bobby Soxer)

ဟစ်ဟော့ပ်ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုရရှိထားသူ ဟစ်ဟော့ပ်အဆိုရှင်ကတော့ ထက်ထက်(Bobby Soxer) ပဲဖြစ်ပါတယ်။ ဘယ်ဂီတမဆို သူ့လွတ်လပ်မှုနဲ့ သူရှိပါတယ်လို့ ပြောလာတဲ့ ထက်ထက်(Bobby Soxer) ကို ဟစ်ဟော့ပ်ဂီတ တွင်ကျယ်လာမှုနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်လဲ မေးကြည့်တော့ ........

“ ဟစ်ဟော့ပ်ဂီတ ဆိုတာများလာတဲ့အပေါ်ပြောရင် ထက်ထက်တို့ Underground မှာ သီချင်းစဆိုကတည်းက ဟစ်ဟော့ပ်က ဆိုရတာ လွယ်တယ်ပေါ့။ လွယ်တယ်ဆိုတာ ထက်ထက် အထင် ဟစ်ဟော့ပ်ဂီတက ဆော့ဝဲလ်နဲ့ သီချင်းကို ဖန်တီးရတာပေါ့နော်။ အဲလိုကျတော့ သီချင်းဖန်တီးသူတွေဘက်က သူတို့အတွက် တီးလုံးတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရှာနိုင်တယ်။ အဲဒီလို ရွေးရဆိုရ ခပ်လွယ်လွယ်နဲ့ လုပ်လို့ရတာပေါ့။ အဲဒါမျိုးလေးတွေကြောင့် အလွယ်တကူနဲ့ ကိုယ်ဝါသနာပါတဲ့ မြူးဇစ်ကို လက်ဆင့်ကမ်းလို့ ရတဲ့ အနေအထားပေါ့။ လွယ်ကူတယ်လို့ အားလုံးပြောမရဘူး။ Band တစ်ခုနဲ့ သီချင်းတစ်ပုဒ်လုံး လုပ်ရတာထက်စာရင်တော့ ဆော့ဝဲလ်ပိုင်းဖြစ်တဲ့အတွက်ပါ။ ရော့ခ်သီချင်းဆိုရင် သီချင်းတစ်ပုဒ်လုံးကို အကြမ်းနားထောင်ကြည့်မယ်ဆိုရင် ဒီသီချင်းထဲမှာပါတဲ့ အစိတ်အပိုင်းတွေက အများကြီးပဲ။ ဟစ်ဟော့ပ်ကျတော့ အဓိက မြူးပြီး စာသားပဲ။ ဆော့ဝဲလ်နဲ့ လုပ်တဲ့အတွက် သီချင်းကြမ်းတစ်ခုဖြစ်ဖို့လွယ်တယ်။ ဒါကြောင့် ဆိုတဲ့လူတွေ ပိုများလာတယ်” လို့ပြောပြခဲ့ပါတယ်။
Friday(Malay)
Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers