Tuesday, September 24, 2013

တရုတ်တွင် တိုင်ဖုန်းယူဆာဂီမုန်တိုင်းတိုက် ၂၅ဦးသေ

 
တရုတ်နိုင်ငံ တောင်ပိုင်း ဂွန်ဒေါင်းပြည်နယ်တွင် ယူဆာ ဂီတိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခဲ့ ရာ လူပေါင်း ၂၅ဦးသေဆုံးခဲ့ ကြောင်း အစိုးရက ကြေညာခဲ့ သည်။

လေတိုက်ခတ်မှုမှာ ကီလို မီတာ ၁၈၀(မိုင် ၁၁၀)နှုန်းရှိပြီး တချို့နေရာများ၌ အားပြင်းခဲ့ ကြောင်း၊ လမ်းပေါ်မှ သစ်ပင်များ လဲပြိုခဲ့သဖြင့် မော်တော်ကား များကို ပိစေခဲ့ကြောင်း၊ လူများ မှာ လေနှင့်လွင့်ပါခြင်းသို့မဟုတ် အပျက်အစီးများနှင့် ထိခိုက်မိ ကြောင်း သိရသည်။
တရုတ်ပြည်မကြီးတွင် လေမုန်တိုင်းကြောင့် လူ ၃ဒသမ ၅သန်းဒုက္ခရောက်ခဲ့ကြရသည် ဟု ဆိုသည်။

ဂွန်ကျိုမှပေကျင်းသို့ သွား သော ရထားကိုလည်း ပိတ်ထား ခဲ့ရပြီး ဟောင်ကောင်၊ ရှင်ကျန် နှင့်ဂွန်ကျိုမြို့ရှိ လေယာဉ်ခရီး စဉ်ရာပေါင်းများစွာကိုလည်း ပယ်ဖျက်ခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ဟောင်ကောင်မှာ လေ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား မခံစားရဟု သိရသည်။
ရာသီဥတုဆိုင်ရာကျွမ်း ကျင်သူများက ပြင်းထန်သော လေမုန်တိုင်းမှာ တရုတ်ပြည် တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ ကြောင်း၊ ဟောင်ကောင်ရှိ စတော့ ဈေးအား တနင်္လာနေ့နံနက်ပိုင်း က ပိတ်ထားခဲ့သည်ဟု ဆိုသည်။

ဖူဂျီယံပြည်နယ်၌ လူ ၈၀၀၀၀ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ကယ်ဆယ် ရေးလုပ်သား ၅၀၀၀ဝကိုနေရာ ချပေးထားခဲ့သည်ဟု ဆင်ဟွာ သတင်းက ဖော်ပြခဲ့သည်။ ဖူဂျီ ယံနှင့်ဂွန်ဒေါင်းပြည်နယ်တို့တွင် နေရာတချို့၌ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း သိ ရသည်။
''ဒီလောက်ကြီးတဲ့ မုန်တိုင်း တစ်ခါမှ မကြုံဖူးဘူး။ ကျွန်တော် တို့ ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတာပေါ့''ဟု ဂွန်ဒေါင်း မှ လူဟိုင်းလိုင်က ဆင်ဟွာသတင်း ဌာသို့ ပြောပြခဲ့သည်။

တနင်္ဂနွေနေ့ ည ၆နာရီ တွင် ယူဆာဂီတိုင်ဖုန်းသည် အား ပျော့ကာ ဟောင်ကောင်သို့ တိုက် ခတ်ခဲ့သည်ဟု ဆိုသည်။
တိုင်ဖုန်းမုန်တိုင်းမှာ လူဇုန် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်ဘက်မှစတင် တိုက်ခတ်ခဲ့ကြောင်း ယူဆာဂီ(ယုန်) မှာ ဂျပန်အမည်ဖြစ်ပြီး ကီလို မီတာ ၁၆၅(၁၀၃မိုင်)တိုက်ခတ် ခဲ့ကြောင်း မိုးလေဝသဌာနက ဆိုသည်။ တိုင်ဖုန်းမုန်တိုင်းမှာ အရှေ့အာရှတွင် နွေရာသီ၌ တိုက် ခတ်လေ့ရှိတတ်သည်ဟု ဆိုသည်။


 [ ဟောင်ကောင် ၊ စက်တင်ဘာ ၂၃ ၊ Ref-AFP ]
 Yangon Media Group

0 Comment Box:

Post a Comment


 

Comment Box

Followers