Sunday, September 22, 2013

လန်ဒန်ဒါဘီမှာ မော်ရင်ဟို စံချိန်ဆက်ထိန်းနိုင်ခဲ့


 
အဲဗာတန်၊ ဘေဆယ်တို့ကို ဆက်တိုက်ရှုံးခဲ့တာ သူတို့အတွက် ပျက်ကပ်ကြုံတာမဟုတ်ဘူးလို့ပြောထားတဲ့ မော်ရင်ဟိုရဲ့ ချဲလ်ဆီးဟာ
ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာတော့ (၂)ဂိုးပြတ် အနိုင်ရခဲ့ပြီး မော်ရင်ဟိုကလည်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ (၄၉)ပွဲနိုင်၊ (၁၄)ပွဲ သရေနဲ့ ရှုံးပွဲမရှိ စံချိန်ကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ အခုပွဲမှာလည်း အီတူးကို အထောင်တိုက်စစ်မှုးအဖြစ် အသုံးပြုခဲ့ပြီး မာတာကို အရန်စာရင်း မသွင်းခဲ့တာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခုပွဲ အစပိုင်းမှာ ချဲလ်ဆီးတို့ အခက်ကြုံခဲ့ပြီး ဒါမီယန်ဒပ်ဖ်ရဲ့ ခေါင်းတိုက်ချက် ဘေးထွက်ခဲ့လို့ ဂိုးစမပေးခဲ့ရသလို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဒါရင်းဘန့် ဂိုးသွင်းဖို့ ကြိုးပမ်းတာ ပီတာချက် ကာကွယ်နိုင်ခဲ့တဲ့အတွက် ချဲလ်ဆီးတို့ သက်သာရာရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အဖွင့်ဂိုးရခဲ့တာကလည်း ဖူလ်ဟမ် ဂိုးသမား စတော့ဒဲလ်ရဲ့ အမှားကြောင့်လို့ ပြောနိုင်ပါတယ်။

ဘယ်တောင်ပံကနေ ရှယ်လီ ထိုးဖောက်လာပြီး ကန်ခဲ့ရာမှာ အားသိပ်မပါပေမယ့် စတော့ဒဲလ် အမိမဖမ်းနိုင်ခဲ့ဘဲဒီအခွင့်အရေးက
တစ်ဆင့် အော်စကာကအပိုင်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ အော်စကာဟာ ချဲလ်ဆီးရဲ့ ကွင်းလယ်ဖန်တီးရှင်လို့ ယုံကြည်နေတဲ့ မော်ရင်ဟိုအတွက် ဒါဟာ ကျေနပ်စရာဖြစ်ခဲ့သလိုအော်စကာအတွက်လည်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ (၆)ပွဲမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ ပွဲချိန် ဂ၄မိနစ်မှာမီခေးလ်က ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီကစားသမားဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၈၅ပွဲ ကစားခဲ့ပြီးနောက် ပထမဆုံးဂိုး ရသွားခဲ့တာပဲဖြစ်ပါတယ်။

ဇော်ထွန်း(ရိုးရာလေး)
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers