Thursday, September 26, 2013

တရုတ်နိုင်ငံတွင် နှာခေါင်းအတုဖန်တီးကာ နှာခေါင်းအစားထိုးကုသ


တရုတ်နိုင်ငံအရှေ့တောင်ဘက် ဖူဂျီယန်ပြည်နယ်ရှိ ဖူဇူမြို့တွင် တရုတ်ခွဲစိတ်ဆရာဝန်များက မတော်တဆတစ်ခုကြောင့် နှာခေါင်းဆုံးရှုံးခဲ့သည့် လူနာတစ်ဦး၏ နဖူးတွင် နှာခေါင်းအသစ် ထွက်ပေါ်စေကာ နှာခေါင်း အစားထိုး ကုသခဲ့သည်ဟုသိရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ရှာအိုလီယန်ဆိုသူမှာ ကားမတော်တဆ တစ်ခုကြောင့် နှာခေါင်းပျက်စီးခဲ့ကာ ရုပ်ပျက်ခဲ့သည်။ ထို့ကြောင့် ရှာအိုလီယန်၏ နံရိုးမှ အရွတ်ကိုယူကာ နဖူး၏ အရေးပြားအောက်တွင် တစ်ရှုး ထည့်သွင်း ကုသောနည်းဖြင့် နှာခေါင်းအသစ် ထွက်ပေါ်လာအောင် ဖန်တီးခဲ့သည်။ ယခုလနှောင်းပိုင်းတွင် နှာခေါင်းပုံသဏ္ဍာန်အတိုင်း အပြည့်အ၀ ထွက်ပေါ်လာသည့် ထိုနှာခေါင်းအား ဆုံးရှုံးခဲ့သည့် မူလနေရာတွင် ပြန်လည်အစားထိုးမည်ဖြစ်သည်။

ပြီးခဲ့သည့်ဇန်န၀ါရီလကလည်း ဗြိတိန်ရှိဆရာဝန်များက ကင်ဆာရောဂါကြောင့်နှာခေါင်းဆုံးရှုံးခဲ့ရသည့်လူနာအား လက်မောင်းတွင် နှာခေါင်းအသစ်ထွက်ပေါ်စေကာ နှာခေါင်းအစားထိုးကုသမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။

M-Media

0 Comment Box:

Post a Comment


 

Comment Box

Followers