Saturday, September 28, 2013

ဖျာပုံခရိုင်တွင် ကျောင်းသူ ၃ ဦး ပျောက်ဆုံးနေ



ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ သမိန်ထောကုန်းတန်း၊ အထကကျောင်းမှ တက္ကသိုလ် ၀င်တန်း ကျောင်းသူများ ဖြစ်သည့် မသဲစုကို (၁၆ နှစ်၊ ကျောင်းဝင် အမှတ် ၆၆၂၅) (ဘ) ဦးသန်းနိုင်၊ ၊ တဖောင် ကျေးရွာ၊ ဖျာပုံ၊ မမို့မို့မြတ် (၁၆ နှစ်၊ ကျောင်းဝင် အမှတ် ၆၅၉၈) (ဘ) ဦးစိုးသန်း၊ ၊ သမိန်ထောကုန်းရွာ၊ ဖျာပုံ၊ မနှင်းရတနာအောင် (၁၆ နှစ်၊ ကျောင်းဝင် အမှတ် ၆၅၇၂) (ဘ) ဦးခင်မောင်မြင့်၊ သမိန်ထောကုန်းရွာ၊ ဖျာပုံနေသူ ၃ ဦးသည် စက်တင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီခွဲ အချိန် ကျောင်းတက်ချိန် ကျောင်းသို့ရောက်မလာ၍ ကျောင်းအုပ် ဆရာကြီး ဦးမြင့်ဦးနှင့် အတန်းပိုင် ဆရာမတို့မှ ယင်းကျောင်းသူများ၏ နေအိမ်များသို့ သွားရောက် မေးမြန်း စုံစမ်းခဲ့ရာ မိဘများမှလည်း ကျောင်းတက်ရန် ထွက်သွားကြောင်း ပြောသဖြင့် ဖျာပုံမြို့ပေါ်သို့ လိုက်လံ ရှာဖွေသော်လည်း မတွေ့ရှိသောကြောင့် မသဲစု၏ အစ်ကို မောင်လင်းအောင်၊ အသက် (၂၀) နှစ်၊ အဖောင် ကျေးရွာမှ တရားလို ပြုလုပ်၍ ကျုံးကဒွန်း ရဲစခန်းတွင် လူပျောက် အမှတ် ၄/၂၀၁၃ ဖြင့် တိုင်တန်း ထားကြောင်း သတင်း ရရှိသည်။
                                                                                              ပုသိမ်ကိုကိုလတ်
                                                                                               မြန်မာသံတော်ဆင့် 

 

0 Comment Box:

Post a Comment


 

Comment Box

Followers