Tuesday, September 17, 2013

ရန်ဖြစ် စကားများရာမှ ဇနီးဖြစ်သူအား လှံနှင့်ထိုး

 
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ လင်မယားချင်း စကားများရာ လှံရိုးနှင့်ရိုက်၊ လှံနှင့် ထိုးသောကြောင့် ဇနီးဖြစ်သူ သေဆုံးသွားသည့် ဖြစ်ရပ် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီ က ရဲအုပ် ဇော်ဇော်ဦး ပျဉ်းမနားမြို့မ ရဲစခန်းတွင် တာဝန်မှူး ထမ်းဆောင် နေစဉ် အမျိုးသမီး တစ်ဦး ဒဏ်ရာများ ရရှိပြီး ပျဉ်းမနား ခုတင်(၂ဝဝ) ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်ယဉ်မြ ၅၈ နှစ် (ဘ) ဦးမောင်ကို ပန်းခင်း(၂)ရွာကောက် ရပ်ကွက်နေသူဖြစ်ပြီး ၎င်းတွင် မျက်နှာဝဲဘက် ဖူးရောင် ဒဏ်ရာတစ်ချက်၊ ဝဲနံဘေး ထိုးသွင်း ဒဏ်ရာတစ်ချက် ရရှိထားသည်ကို တွေ့ရပြီး မေးမြန်းရာ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးကိုလေး ၈၆ နှစ်နှင့် စကားများ ရန်ဖြစ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် ဦးကိုလေးမှ လှံရိုးနှင့် ရိုက်နှက်ကာ လှံနှင့်ထိုးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကိုလေးအား အရေးယူ ပေးပါရန် ရဲအုပ်ဇော်ဇော်ဦးက တိုင်တန်းသဖြင့် ပျဉ်းမနားမြို့မ ရဲစခန်းမှ (ပ)၅၉၆/၂ဝ၁၃ ပုဒ်မ ၃၂၅/၃၂၆ ဖြင့် ရေးဖွင့်ပြီး ဒုတိယ ရဲအုပ် မိုးဆွေမှ စစ်ဆေးနေစဉ် ဒဏ်ရာရရှိ ထားသူ ဒေါ်ယဉ်မြမှာ ဆေး ကုသမှု ခံယူနေစဉ် သေဆုံးသွားသဖြင့် အမှုကိုပုဒ်မ ၃၂၅/၃၂၆ မှ ပုဒ်မ ၃ဝ၂ သို့ ပြောင်းကာ ဒုတိယရဲမှူး မျိုးသန်းဝင်းက တရားခံအား ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
မြ၀တီ
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers