Saturday, September 28, 2013

တရုတ်မီးပုံးကြောင့် မြန်မာ့ရိုးရာမီးပုံးများ ရောင်းအားကျဆင်း


သီတင်းကျွတ်မီးထွန်းပွဲ ရာသီမှာ မြန်မာ့ ရိုးရာလက်လုပ်မီးပုံးတွေက တရုတ်မီးပုံးတွေကို မယှဉ်နိုင်ဘဲ အေရာင်းအ၀ယ်ကျဆင်းနေပါတယ်။
တရုတ်နိုင်ငံထုတ် လက်တွန်းမီးပုံးတွေ နဲ့ ချိတ်ဆွဲ မီးပုံတွေရဲ့ သေသပ်မှုနဲ့ အြမင်ဆန်းမှုနဲ့ ခိုင်ခန့်မှုတွေကို လူကြိုက်များလာတဲ့အတွက် မြန်မာ့ရိုးရာ မီးပုံးလုပ်ငန်း အေရာင်းအ၀ယ် ကျဆင်းခဲ့ရတာပါ။

မီးပုံးအေရာင်းဆိုင်ရှင် ဒေါ်မြင့်မြင့်ခင်က “မြန်မာမီးပုံတွေကျေတာ့ ၀ါးနဲ့လုပ်တာတွေက ပိုးတောက်တယ်။ ရေရှည်သိမ်းလို့မရဘူး။ သူက တခါသုံးပဲ လေချးစက္ကူကပ်ထားတာ။ ဆီစိမ်စက္ကူလို့လည်း ခေါ်တယ်။ နောက်ရေစိုမခံတာတို့။ အပျက်အစီး ထိမိခိုက်မိတာတို့တွေ ရှိတော့ ယူမေရာင်းဘူး။ တရုတ်လုပ်ကျေတာ့ လွယ်တယ်။ သူက အချပ်တော့ ပိတ်သား ဖဲသားတွေပါ့နော်။ အချပ်တိုင်းပဲ ထပ်ပြီး၊ အချပ်တိုင်းပဲ သူ့ဟာသူ သွားနေတယ်။”

မြန်မာ့ရိုးရာမီးပုံတွေကို ၀ါးနဲ့ ပြုလုပ်ထားပြီး ခေါက်ချိုးလို့မရတဲ့အတွက် ထုပ်ပိုးသယ်ဆောင်ရာမှာ ခက်ခဲပါတယ်။ဒါ့ကြောင့် ခေါက်ချိုးလို့ ရြပီး သယ်ဆောင်ရလွယ်တဲ့ တရုတ်မီးပုံတွေ ဈေးကွက်ထဲ ၀င်လာပြီးနောက် နယ်မြို့တွေက မြန်မာ့မီးပုံးတွေကို မှာယူတာ ရှိသေလာက် ကျဆင်းသွားခဲ့ရပါတယ်။

မီးပုံးလုပ်သူတဦးက “အရင်ကဆို ကျေန်ာတေယာက်တည်း လေယာဉ်မီးပုံ အစီး ငါးထောင် ခြောက်ထောင်လုပ်တယ်။ အခုနယ်ပို့တာ အစီး သုံးရာ့ငါးဆယ်ပဲပို့နိုင်တယ်။ ဈေးကလည်း အရမ်းမြင့်သွားတယ်။ အခုဆို တော်တော်များများထဲမှာ ကျေနာ် တေယာက်ပဲ ကျန်တော့တယ်။ ကျေန်ာဆိုရင် အနှစ်သုံးဆယ်ရှိပြီ။ ဒါကို လုပ်တာ။ တနှစ်မှမပျက်သေးဘူး။ ကွာလတီတွေကလည်း တရုတ်ကို ဘယ်လိုမှမလိုက်နိုင်ဘူး” လို့ ပြောပါတယ်။

ရန်ကုန်မီးပုံးဈေးကွက်မှာတော့ လှပြပီး ခိုင်ခန့်တဲ့ တရုတ်မီးပုံးတွေကို အဓိကထား ရောင်းလာတာ သုံးလေးနှစ်ရှိနြေပီး။ နယ်ကလည်း အသွင်ပိုဆန်း လှပတဲ့ တရုတ်မီးပုံးကိုပဲ အဓိကအဝယ်လိုက်လာပါတယ်။ ဈေးကွက်မှာ ရောင်းအားကျသွားတာကြောင့် ရိုးရာမီးပုံးတွေ လုပ်တဲ့သူ နည်းသွားပါတယ်။

မီးပုံးလုပ်တဲ့ ပညာရှင် ဦးထွန်းရှိန်က “လုပ်တဲ့သူနည်းသွားတာက နိုင်ငံခြားက ပစ္စည်း တွေဝင်လာကြတာကိုး။ နိုင်ငံခြားပစ္စည်းကို စိတ်ဝင်စားလာကြပီ။ ဘယ်အရင်ကဆိုရင် နယ်တွေကို သိန်းနဲ့ချီပို့ရတာ။ ဈေးကွက်မယှဉ်နိုင်ဘူးဆိုတာက ဒီမှာက သိတဲ့အတိုင်း မြန်မာ့နည်း မြန်မာ့ဟန်နဲ့ စက္ကူနဲ့ပဲ လုပ်ကြတာ။ နိုင်ငံခြားကျေတာ့ ပလတ်စတစ်နဲ့လာတာကိုး။ ပလတ်စတစ်နဲ့ အရုပ်တွေက လာကြေတာ့ အဲဒါကို ဦးစားပေးသုံးတယ်။ အခုခါက ကေလးတွေက ဘာပိုမက်လာလဲဆိုတော့ တရုတ်မီးပုံးလေးတွေကို အာရုံပိုကျလာတယ်။ မနှစ်ကဆိုရင် Angry Bird ပုံလေးတွေ ဒီဇိုင်းလေးတွေပ့ါ။”

တရုတ်မီးပုံးရဲ့ ဆန်းပြားတဲ့ ဒီဇိုင်းက ဖောက်သည်ကို ပိုပြီးဆွဲဆောင်နိုင်သလို ဈေးကြီးပေမယ့် လှပသပ်ရပ်ပြီး ရေရှည်အသုံးပြုနိုင်တာကြောင့် ရေရှည်မှာမြန်မာ့ ရိုးရာမီးပုံးလေးတွေ ပျောက်ကွယ်သွားမှာကို မြန်မာ့ရိုးရာ မီးပုံးပြုလုပ်တဲ့ ပညာရှင်တွေက စိုးရိမ်နြေကပါတယ်။
 

DVB TV News





0 Comment Box:

Post a Comment


 

Comment Box

Followers