Thursday, September 26, 2013

ပီယာလိုအတွက် အပြိုင်အဆိုင် ဖြစ်လာတဲ့ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်နှင့် စပါး

http://football-cafe.com/images/news/Pirlo.jpg 
ဂျုဗင်တပ်စ်နှင့် အီတလီ အသင်း၏ ၀ါရင့် ကွင်းလယ် ကစားသမားကြီး ပီယာလိုအတွက် ပရီးမီးယားလိဂ် အသင်းကြီးများက အပြိုင်အဆိုင် ချိတ်ဆက်လာကြသည်။

ဂျုဗင်တပ်စ် နည်းပြကြီး ကွန်တီက လာမည့် (၃)လအတွင်း ပီယာလို၏ စွမ်းဆောင်မှုများကို စောင့်ဆိုင်း ကြည့်ရှုသွားမည် ဖြစ်ပြီး၊ အဆိုပါ ကာလ အပြီးတွင် စာချုပ်သစ် ပေးမည်၊ မပေးမည်ကို ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျုဗင်တပ်စ် အသင်းဖြင့် စာချုပ်သစ် မတိုးဖြစ်ခဲ့ပါက ပီယာလိုသည် အင်္ဂလန်နှင့် စပိန်အသင်း တစ်သင်းသင်းသို့ ခြေဆန့်မည် ဖြစ်ကြောင်း Daily Mail ကဖော်ပြသွားခဲ့သည်။

ယခုနှစ် ရာသီအကုန်တွင် ဂျုဗင်တပ်စ် အသင်းဖြင့် စာချုပ် ကုန်ဆုံးတော့မည့် ပီယာလိုအား ကွင်းလယ် ဖန်တီးရှင် ကစားသမား အလိုရှိနေသော မန်ယူနိုက်တက်က ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။ ထို့အပြင် အန်ဆယ်လော့တီ ရှိစဉ်က ခေါ်ယူနိုင်လု နီးပါး ဖြစ်ခဲ့သော ပီယာလိုကို ချဲလ်ဆီးကပါ ထပ်မံကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။ အသင်းအား ပြန်လည် တည်ဆောက်နေသော စပါးအသင်းအပြင်၊ အာစင်နယ် အသင်းကပါ ပီယာလိုအား အလိုရှိနေကြောင်း သိရသည်။
Written by အောင်ဇော်လတ်(မိုးနဲ) 
FOOTBALL CAFE
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers