Saturday, September 28, 2013

အကြိတ်အနယ်ရှိခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့

 
စနေနေ့ည အစောဆုံးပွဲစဉ်ဖြစ်သည့် တော့တင်ဟမ်နှင့် ချယ်ဆီးပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။

တော့တင်ဟမ်အသင်းတွင် လောရစ်၊ ဝေါ့ကား၊ နော့တန်၊ ဒေါ်ဆန်၊ ဗာတိုဂျန်၊ ပေါ်လင်ဟို၊ ဒမ်ဘီလီ၊ တောင်းဆန်း၊ အဲရစ်ဆန်၊ ဆစ်ဂတ်ဆန်၊ ဆိုလ်ဒါဒိုလ်တို့နှင့် ပွဲထွက်ခဲ့သည်။

ချယ်ဆီးအသင်းတွင် ဆက်ခ်ျ၊ အိုင်ဗန်နိုဗစ်၊ ဒေးဗစ်လူးဝစ်ဇ်၊ တယ်ရီ၊ ကိုးလ်၊ မီခေးလ်၊ လမ်းပတ်၊ ရာမီးရက်စ်၊ အော်စကာ၊ ဟာဇက်၊ တောရက်စ်တို့နှင့် အိမ်ရှင်အသင်းကို ရင်ဆိုင်ကစားခဲ့သည်။

လန်ဒန်ဒါဘီပွဲစဉ် ဖြစ်သည့်အတွက် ပွဲအစမှာပင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ကြပြီး တော့တင်ဟမ်အသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။ ဆိုလ်ဒါဒိုနှင့် အဲရစ်ဆန်တို့၏ တွဲဖက်တိုက်စစ်ဆင်မှုမှ တစ်ဆင့် ဆီဂတ်ဆန်က ပွဲချိန် ၁၉ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ၂၇ မိနစ်တွင် တော့တင်ဟမ်က ဒုတိယဦးဆောင်ဂိုး ရရှိလုနီးပါး ဖြစ်ခဲ့သည်။ ဆိုလ်ဒါဒိုပေးပို့သည့် ဘောလုံးကို ဆီဂတ်ဆန် ပိတ်သွင်းသော်လည်း အိုင်ဗန်နိုဗစ် ဖြတ်ထုတ်နိုင်ခဲ့သောကြောင့် ထောင့်ကန်ဘောဖြစ်ခဲ့သည်။ ချယ်ဆီးက ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း တော့တင်ဟမ် နောက်ခံလူများနှင့် ဂိုးသမားတို့က အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် တော့တင်ဟမ် ကွင်းလယ်ကစားသမား ပေါ်လင်ဟို အကောင်းဆုံး အခွင့်အရေး ရရှိခဲ့သော်လည်း ၎င်းကန်သွင်းသည့် ဘောလုံးမှာ ဂိုးဘေးတိုင် ထိထွက်ခဲ့သည်။

ဒုတိယပိုင်းတွင် ချယ်ဆီးက ချေပဂိုးရရှိရန် ပိုမိုတိုက်စစ်ဆင် ကစားလာခဲ့ပြီး ၄၈ မိနစ်တွင် ဂိုးရရှိလုနီးပါး ဖြစ်ခဲ့သည်။ အော်စကာ ပေးပို့သည့် ဘောလုံးကို တောရက်စ်က နောက်ခံလူများကို
 ကျော်ဖြတ်ကာ ကန်သွင်းခဲ့သော်လည်း ဂိုးသမား လောရစ် ပုတ်ထုတ်ကာကွယ်ခဲ့သည်။ ၆၅ မိနစ်တွင် ချယ်ဆီးက ချေပဂိုး ရရှိခဲ့သည်။ လူစားဝင်လာသည့် မာတာ ကန်တင်ပေးလိုက်သည့် ပြစ်ဒဏ်ဘောမှတစ်ဆင့် နောက်ခံလူ တယ်ရီက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

 မာတာ လူစားဝင်လာသည့် နောက်ပိုင်းတွင် ချယ်ဆီးက ပိုမိုတိုက်စစ်ဆင် ကစားနိုင်ခဲ့သော်လည်း တော့တင်ဟမ် ခံစစ်ကို မကျော်နိုင်ခဲ့ပေ။ ၈၁ မိနစ်တွင် ဗာတိုဂျန်နှင့် တောရက်စ် ဘောလုံးယှဉ်လုရင်း နှစ်ဦးစလုံး လဲကျခဲ့သော်လည်း ဒိုင်လူကြီးက အစောပိုင်း၌ အ၀ါကတ်ထိထား သည့် တောရက်စ်ကို နောက်ထပ် အ၀ါကတ်ပြကာ ထုတ်ပယ်ခဲ့သည်။ နောက်ပိုင်းတွင် ချယ်ဆီးက ခံစစ်ကို အသားပေးကစားခဲ့ပြီး ပွဲအပြီးတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

                                                                                                  soccer myanmar


0 Comment Box:

Post a Comment


 

Comment Box

Followers