Sunday, September 1, 2013

တပ်ရင်း(၁၀)ရင်းမှသိမ်းဆည်းထားသောလယ်ယာမြေများ ပြန်လည်ရရှိရန်လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တင်ပြတောင်းဆိုမည်


ယခုအစိုးရသစ်လက်ထက် တွင် ယခင်စစ်အစိုးရလက်ထက် ကတပ်မတော်ကသိမ်းဆည်းထား သော လက်ယာမြေများနှင့် လူ ပုဂ်္ဂိုလ်အဖွဲ့အစည်းများမှ သိမ်း ဆည်းခဲ့သည့် လယ်မြေနှင့်အခြား မြေများအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း၍ လွှတ်တော် အတွင်း ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိရာ မှော်ဘီမြို့နယ်၊ ရွှေမြ ယာကျေးရွာနျင့် ဖူးကြီးကျေးရွာ အုပ်စုရှိ လယ်သမားများက တပ် ရင်း (၁၀) ရင်းမှ သိမ်းဆည်းထား သောမိမိတို့၏လယ်ဧက၄၀၇.၄၁ ဧကကို ပြန်လည်ရရှိရန် လယ် ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံမှု စုံစမ်းစစ်ဆေးကော်မရှင် ထံ တင်ပြတောင်းဆိုသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


ရွှေမြယာကျေးရွာနှင့် ဖူးကြီး ကုန်းကျေးရွာရှိ လယ်ယာမြေများ ကို ၁၉၉၃-၉၄ ခုနှစ်တွင် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ (ခမရ) (၇၀၄)၊ (၇၀၅)၊ (၇၀၆) စသည့် တပ်ရင်း များအပါအ၀င် တပ်ရင်း(၁၀)ရင်း မှ သိမ်းဆည်းခဲ့ပြီး ယခုအချိန်ထိ တပ်ရင်းများမှ အသုံးမပြုသေး သော မြေလွတ်မြေကွက်များရှိ နေသောကြောင့် လယ်ယာမြေ သိမ်းဆည်းခံရသည့် လယ်သမား (၄) ဦးမှ မိမိတို့လယ်ယာမြေများ ပြန်လည်ရရှိရန် ကြိုးပမ်းဆောင် ရွက်သွားမည်ဟု ရွှေမြယာကျေး ရွာရှိ ဦးမြင့်သန်းက ပြောကြား သည်။


““နိုင်ငံတော်စီမံကိန်းနဲ့ တပ် ရင်းတွေက သိမ်းဆည်းထားတဲ့ ကျွန်တော်တို့လယ်မြေဧက ၉၇၀ ကျော်ထဲက တပ်ကအသုံးမပြုရ သေးတဲ့မြေဧကက ၅၀၀လောက် ကျန်နေသေးတဲ့အတွက် လွတ် နေတဲ့ မြေကွက်တွေကို သိမ်း ဆည်းခံရတဲ့လယ်သမားတွေကို ပြန်လည်ပေးအပ်ဖို့ လွှတ်တော် ကို အသနားခံစာ တင်ပြသွားမှာ ပါ”” ဟု ဦးမြင့်သန်းကပြောသည်။


လယ်ယာမြေသိမ်းဆည်းခံရ သော လယ်သမားများအနေဖြင့် လယ်ယာမြေများ သိမ်းဆည်းခံရ ပြီးနောက် အဆိုပါ လယ်မြေများ ကို သိမ်းဆည်းသည့် တပ်ရင်း များမှ တစ်ဧကလျှင် စပါးတင်း ၁၅ တင်းနှုန်းဖြင့် သီးစားပြန်ချ ပေးပြီး အဆင်မပြေမှုများရှိ၍ လယ်သမားအချို့မှ စပါး၁၂တင်း နှင့် ညှိနှိုင်း၍ သီးစားပြန်လည် လုပ်ကိုင်ခဲ့ကြောင်း၊ နောက်ပိုင်း တွင်မည်သို့မျှ တွက်ချေမကိုက်၍ လယ်ယာဆက်လက်မလုပ်ကိုင်ဘဲ ကြုံရာကျပန်းလုပ်ကိုင်စားသောက် နေရကြောင်း လယ်သမားတစ်ဦး ကဆိုသည်။


ယင်းသို့တပ်ရင်းများမှ သိမ်း ဆည်းထားသော လယ်ယာမြေ များနှင့် စပ်လျဉ်း၍ မှော်ဘီမြို့ နယ်မြေစာရင်းဦးစီးမှူး ဦးမြင့်စိုး က ““ဒါကတော့ လယ်သမားတွေ နဲ့ပဲဆိုင်တာပါ။ ကျွန်တော်တို့ကို အထက်ကသိမ်းဆည်းခံလယ်မြေ တွေကို ပြန်ပေးဖို့ ညွှန်ကြားထား တာတွေလည်း မရှိတဲ့အတွက်ပါ။ လယ်သမားတွေအနေနဲ့ သူတို့ ယခင်က မြေခွန်ပြေစာနဲ့ လုပ် ကိုင်ခဲ့တာမှန်တယ်။ ယခုလက်ရှိ သီးစားလုပ်ကိုင်နေတုန်းပဲဆိုရင် လယ်ယာမြေ ဥပဒေအတိုင်း လျှောက်ထားနိုင်ပါတယ်”” ဟု ၎င်းကပြောကြားသည်။

hot news

 

0 Comment Box:

Post a Comment


 

Comment Box

Followers