Monday, September 2, 2013

Hyundai ကားများ အရစ်ကျဖြင့် ရောင်းချပေးသွားမည်





           မြန်မာနိုင်ငံတွင် အရောင်းစင်တာဖွင့်လှစ်လိုက်ပြီ ဖြစ်သည့် ကိုးရီးယားနိုင်ငံ Hyundai မော်တော်ယဉ်ထုတ်လုပ်သည့် ကုမ္ပဏီက မော်တော်ကားများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 လက်ရှိ Hyundai မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီသည် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်တွင် အရောင်းပြခန်းကို သြဂုတ် ၃၁ ရက်မှ စတင်ဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းကား Show Room မှ အရောင်းမန်နေဂျာ ဦးဟယ်ရီကပြောသည်။

ဦးဟယ်ရီက “ ကားတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာပါ။ အရင်ဆုံး ကားတန်ဖိုးရဲ့ ရာခိုင်နှုန်း ၃၀ ပေးသွင်းပြီး နှစ်နှစ်သက်တမ်းနဲ့ ရောင်းချပေးသွားမှာပါ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဂျပန်ကားတွေထက် သာအောင်လုပ်ဆောင် သွားဖို့ရှိတယ်။ ပြီးတော့ ကျွန်တော်တို့က အရောင်းပြခန်းတစ်ခုတည်း မဟုတ်ဘူး၊ Sales Service နှင့် Spare Parts ကိုလည်း ပြုလုပ်မှာဆိုတော့ ကားစီးတဲ့သူတိုင်းကို အကောင်းဆုံးဝန်ဆောင်မှုပေးသွားမှာပါ””
ဟု ပြောသည်။

Hyundai မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီသည် လွန်ခဲ့သော နှစ်များက ကမ္ဘာ့စီးပွားရေးအတက်အကျများ
ကြောင့် မော်တော်ကားဈေးကွက် မငြိမ်သက်မှုအချိန်တွင်လည်း ကမ္ဘာ့ဈေးကွက်တွင် ၄ ဒသမ ၄ ဘီလီယံ ရောင်း
ခဲ့ရကြောင်း သိရသည်။ Hyundai ကားကုမ္ပဏီသည် အရှေ့တောင် အာရှတွင် အကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်ပြီး  ကမ္ဘာ့အဆင့် (၅) နေရာတွင် ရပ်တည်နေသော ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်းသိရသည်။

သမိုင်းလမ်းဆုံတွင် ဖွင့်လှစ်သည့်  Hyundai ပထမဆုံး တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သည် ။
Hyundai ကားကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများကို မြန်မာနိုင်ငံမှ Kolao နှင့် Fortune International
ကုမ္ပဏီတို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး နေပြည်တော်နှင့် မန္တလေးစသည့်မြို့များ၌
ကားအရောင်းပြခန်းများ ပြုလုပ်သွားမည် ဖြစ်ပြီး တင်သွင်းရောင်းချတဲ့ ကားများကို သုံးနှစ်အာမခံဖြင့်
ဝန်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers