Wednesday, September 25, 2013

ကျိုက်မရောမြို့နယ်တရနာကျေးရွာတွင် ရုပ်ရှင်ဆန်ဆန်ဓါးပြတိုက်မှုဖြစ်ပွား


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှိ တရနာကျေးရွာတွင် ရွာလည်ခေါင် ရှိအိမ်ကို ဓါးပြ တိုက်သော ရုပ်ရှင်ဆန် ဆန်အမှု တစ်ခုဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားပုံမှာ စက်တင်ဘာ (၂၃)ရက် ညနေ ၆နာရီခန့် အချိန်က တရနာ ကျေးရွာရှိ အိမ်တွင် မညီညီဝင်း တစ်ဦးတည်း ဘုရာရှိ ခိုးနေစဉ် မျက်နှာဖုံး စွပ်ထားသော လူ(၄)ဦးမှ အိမ်တွင်းသို့ ၀င်ရောက်ပြီး ဓါးပြတိုက် မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွား သောအိမ်သည် တရနာ ကျေးရွာ၏ အလယ်ခေါင်လောက် တွင်ရှိနေပြီး အနီးအနားတွင် တရနာ ဈေးအပါ အ၀င်လူနေအိမ် များစွာရှိနေပြီး ညနေလူစီကား နေသောအချိန် တွင်ဖြစ်ပွား ခဲ့သည်ဟု ရွာခံတို့က ဆိုသည်။

အဆိုပါဓါးပြတိုက် ခံရသောအိမ်သည် ကုန်စုံပစ္စည်းများ ရောင်းချသောအိမ် ဖြစ်ပြီးညနေပိုင်း အိမ်ပိတ်တံခါးစေ့ ထားချိန်တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ မညီညီဝင်း ၏ခင်ပွန်းဖြစ်သူ ဦး ကျော်သန်း သည် အခင်းဖြစ်ပွား ချိန်အိမ်၏ မျက်စောင်းထိုး မလှမ်းမကမ်းတွင် ရှိနေခဲ့ပြီး အိမ်ထဲတွင် ဓါးပြတိုက် မှုဖြစ်ပွားနေ သည်ကိုမသိပဲ ဓါးပြတိုက်ပြီးသော အခါဓါးပြများ အိမ်မီးကိုပိတ် လိုက်သဖြင့် မိမိအိမ် လျှပ်စစ်ရှော့ ဖြစ်သည်ဟု ထင်ပြီး၊ အိမ်ရှေ့အရောက်တွင် ဇနီးဖြစ်သူ မညီညီဝင်းမှ ဓါးပြ ဟု အော်သံကြားမှ အိမ်တွင်းဝင် ရန်ကြိုးစားခဲ့ကြောင်း၊ သို့သော်လည်း အိမ် တံခါးကို ဖွင့်၍မရတော့ပ ကန်ဖွင့်မှပွင့် သွားခဲ့ပြီးနောက် ရွာမှလူများ ရောက်လာပြီး ဓါးပြများကို လိုက်လံရှာ ဖွေကြသော် လည်းတွ့ရှိခြင်း မရှိခဲ့ ကြောင်း ပြောဆိုသည်။ တရနာ ကျေးရွာသည် အိမ်ခြေ (၂၃၀၀)ကျော်ရှိသော ရွာကြီး တစ်ရွာဖြစ်ပြီး အဆိုပါဓါးပြမှု သည်လည်း နှစ်ပေါင်းများ စွာအတွင်း တစ်ကြိမ်သာဖြစ် ခဲ့ဖူးကြောင်း၊ ဓါးပြတိုက်၍ပါ သွားသော ပစ္စည်းများမှ ရွှေ (၄၇)ကျပ်သား ကျော်နှင့်ငွေကျပ်(၃၇) သိန်းဖြစ်ကြောင်း ကိုကျေးရွာမှ တာဝန်ရှိသူ တို့ထံမှသိရသည်။

ထိုသို့ ဓါးပြမှုတွင် ဓါးပြများကို ဖမ်းမိရန်ကြိုး ပမ်းနေပြီး ဓါးပြတိုက်သည့် နေရာတွင် မည်သည့် သဲလွန်စမှ မတွေ့နိုင်ဖြစ်သည့် အလွန်ထူးဆန်းသော အမှုဖြစ်နေကြောင်း ၊ရဲတပ်ဖွဲ့အနေနှင့် အနီးအနား ပတ်ဝန်းကျင် များနှင့်ဓါးပြများ သွားနိုင်သည့် နေရာများ ကိုမှန်းဆပြီး ကြည့်ရှု့စစ်ဆေး မှုများပြုလုပ် နေကြောင်း သိရှိရသည်။


0 Comment Box:

Post a Comment


 

Comment Box

Followers