Saturday, September 21, 2013

Lady GaGa နှင့် Adam Levine (Maroon 5) တို့ ၏ Twitter မှပုတ်ခတ်ပွဲ




ဒီတိုက်ခိုက်ပွဲကိုတော့ နာမည်ကြီး အဖွဲ့ ဖြစ်တဲ့ Maroon 5 အဖွဲ့ မှအဆိုတော် Adam Levine က စတင်ခဲ့တာပါ။ နာမည်ကြီး Pop အဆိုတော် Lady GaGa က သူမ၏တေးစီးရီး (Artpop) ကို ပြောင်မြောက်တဲ့ အနုပညာတစ်ခုအနေနဲ့ တင်စားထားတယ်လို့  အင်တာဗျူးတွေ၊ ရှိုးပွဲတွေမှာ ခဏ ခဏ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ထိုတေးစီးရီး (Artpop) ထဲမှပထမဦးဆုံးသီချင်း၊ သီချင်းဗီဒီယို နှင့် ဖျော်ဖြေမှုတွေကို Adam က မနှစ်သက်ပုံရပါတယ်။ သူက သူရဲ့ Twitter အကောင့်မှတစ်ဆင့် Lady GaGa ကိုထိုစာသားဖြင့်သွယ်ဝိုက်ပြီးပုပ်ခတ်ပြောခဲ့ပါတယ်။

"အနုပညာဟောင်းတွေကို လူငယ်မျိုးစုကပြန်ပြီးသုံးတာက သင်တို့ ကိုအနုပညာတစ်ယောက်မဖြစ်စေနိုင်ပါဘူး။ သင့်ကိုအနုပညာဆရာဘဲဖြစ်စေနိုင်ပါတယ်။" (အနုပညာဆရာလို့ ပြောတာက သူမကိုချီးမွမ်းပြောဆိုတာမဟုတ်ပါဘူး။ အလွန်သိလို့ ဆရာလုပ်တာကိုဆိုလိုထားတာပါ။)

"ကျွန်တော် ကိုယ်တိုင်နှင့် ကျွန်တော့်အသိုင်းအဝိုင်းတွေထဲမှာ Pop သီချင်းရေးတာနဲ့ ဖျော်ဖြေတာအလွန်နှစ်သက်ပါတယ်။ ဒါပါဘဲ။ Sauce အပိုတွေမလိုပါဘူး။" (Lady GaGa ၏ သီချင်း (Applause) ကိုမနှစ်သက်သောသူများက Applesauce ဟူပြီးရွှဲ့ ပြီးခေါ်လေ့ရှိပါတယ်။)

ထိုသို့ ရေးခဲ့ရာ Lady GaGa ၏ ပရိတ်သတ်များမှာ Twitter ပေါ်တွင်အပြောများပြီး Lady GaGa သိသွားပါတယ်။ GaGa ကလည်း ထိုအချိန်တွင်ပင် ... သူမရဲ့ Twitter ပေါ်မှတစ်ဆင့်ထိုသို့ ပြန်ပြီးရေးခဲ့ပါတယ်။

"အိုး ... အနုပညာရဲဘော်ရောက်လာပြီ။" လို ပြန်ပုတ်ခတ်ရေးလိုက်ပါတယ်။ ထို့ အပြင်
သူမ၏ပရိတ်သတ်ထဲမှရေးထားသည့်စားသား ... " ဝီး ..ဝူ ... ဝီး ... ဝူ .... ဝီး ... ဝူ" (ရဲကားရောက်လာသည့်အသံ) စာသားကို Retweet လုပ်ပြီးလှောင်ပြီးတင်ခဲ့ပါတယ်။ ဒီရန်ပွဲက ဒီနေ့ တွင်ပင်ဖြစ်နေကြတာပါ။ နောက်ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတာပေါ့ ပရိတ်သတ်တို့ ။


Mr. News


 

0 Comment Box:

Post a Comment


 

Comment Box

Followers