Sunday, September 22, 2013

ပရီးမီးယားလိဒ် ချန်ပီယံ ဆုအတွက် မစဉ်းစားသေးပါဘူး (ဘရန်ဒန် ရော်ဂျာ)

လီဗာပူးလ် အသင်း၏ နည်းပြ ဖြစ်သူ ဘရန်ဒန် ရော်ဂျာ သည် ၄င်း၏ အသင်း အနေဖြင့် ပရီးယားလိဒ် ချန်ပီယံ ဆု အတွက် မစဉ်းစား သေး ကြောင်း ၊ ပွဲစဉ် (၁၀) ပွဲခန့် ကစား ပြီးမှ သာလျှင် အသင်း၏ အခြေ အနေ မှန်ကို သိရှိ နိုင်မည် ဖြစ်ကြောင်း ပြောသွားခဲ့သည်။ လီဗာပူးလ် အသင်းသည် ယခုနှစ် ဘောလုံးရာသီ တွင် ပရီးမီးယားလိဒ် ပွဲစဉ် (၄) ပွဲ ကစား အပြီး (၃)ပွဲနိုင် ၊ (၁) ပွဲသရေ ၊ ရမှတ် (၁​၀) မှတ် ဖြင့် အမှတ် ပေး ဇယား ထိပ်ဆုံး နေရာ ကို သိမ်း ပိုက် ထားသည်။ သို့ ရာတွင် လဲရော်ဂျာသည် လီဗာပူးလ် အသင်း အနေဖြင့် လောလောဆယ် တွင် ချန်ပီယံ ဆု အတွက် အာရုံ စိုက် ယှဉ်ပြိုင် မည် မဟုတ်ဘဲ ပွဲစဉ် တပွဲချင်း အနိုင်ရရှိ ရန် ကြိုးစားရမည် ဖြစ်ပြီး ပွဲစဉ် (၁၀)ပွဲ ခန့် ကစား ပြီး မှသာ လီဗာပူးလ် ၏ ချန်ပီယံ ဆုအတွက် စိန်ခေါ်နိုင်စွမ်း ရှိသည်၊ မရှိသည် ကို သိရမည် ဖြစ်သည် ဟု ပြောသွားသည်။

ရော်ဂျာ က "ချန်ပီယံ ဆုအတွက် စိန်ခေါ်နိုင်ပြီလို့ ကျွန်တော် မစဉ်းစား မိပါဘူး။ လောလော ဆယ် ကျွန်တော့ အနေ နဲ့ ပွဲစဉ် တပွဲ ချင်းကို အနိုင်ရ ရှိဖို့ အတွက်ဘဲ အာရုံစိုက်နေ ပါတယ်။ (၁၀)ပွဲလောက် ကစား ပြီးသွား ရင်တော့ ကျွန်တော်တို့ အသင်း ရဲ့ အမှတ် ပေးဇယား ရပ်တည် မှုအပေါ် ကြည့် ပြီး ချန်ပီ ယံ ဆု အတွက် စိန်ခေါ်နိုင် စွမ်း ရှိ၊မရှိ သိရမှာပါ။ အခုချိန်မှာ ကျွန်တော်တို့ အသင်း အနေနဲ့ ပွဲစဉ် (၄) ပွဲ အပြီးမှာ (၃) ပွဲ နိုင် ၊ (၁) ပွဲ သရေ ရလဒ် နဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ ကျွန်တော်တို့ အသင်း အစ ကောင်းခဲ့ တယ်။ အခုမှ ရာသီ အစ ရလဒ် ဘဲ ရှိသေး တယ်လို့ လူတွေ ကပြောပါ လိမ့်မယ်။ ကျွန်တော် လဲ ဒီလိုဘဲ တွေးပါ တယ်။ ဒါပေမဲ့ ရာသီ အစ ပွဲစဉ်တွေ ကလဲ ခင်ဗျား ရင်ဆိုင် ကျော်ဖြတ် ရမဲ့ အခက် အခဲ တွေထဲ က တခုဘဲ မဟုတ်လား " ဟူရ်ျ ပြောသွားသည်။

 ရာသီ အစ ရလဒ် ကောင်းများ က ချန်ပီယံ လိဒ် ၀င် ခွင့် တနေရာ အတွက် အထောက်အကူ ဖြစ်လာမည် ဖြစ်ပြီး လီဗာပူးလ် အသင်း အနေ ဖြင့် လက်ရှိ ခြေစွမ်း ထက် ပိုရ်ျ တိုးတက် လာဦးမည် ဟု နည်းပြ ဘရန်ဒန် ရော်ဂျာ က ယုံကြည်လျက်ရှိ သည်။

ရော်ဂျာက "ကျွန်တော် တို့ (၁၀) မှတ်ရ ထားပါပြီ။ မနှစ် ကဆို ကျွန်တော် တို့ ရာသီ အဆုံးမှာ (၆၁) မှတ် ရခဲ့တယ်။ ဒီနှစ် လဲ လက်ကျန် ပွဲစဉ် တွေမှာ (၆၁) မှတ် ရခဲ့မယ် ဆိုရင် အခု (၁၀) မှတ် ကို ထပ်ပေါင်းလိုက် ရင် ချန်ပီယံ လိဒ် ၀င်ခွင့် တနေရာ အတွက် ပိုင်ဆိုင် ဖို့ အခွင့် အရေး ရှိမှာပါ။အသင်း အနေ နဲ့ အခုထက် ပိုပြီး တိုးတက် လာဦးမယ် လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် တို့ ဆီမှာ အလား အလာ ကောင်းတဲ့ ကစားသမား တွေ  အများကြီးပါ။ ရာသီအစ မှာ ပုံစံကောင်း ကို ပြသနိုင် ခဲ့ လို့ ကျွန်တော် ပျော်ရွှင် မိပါတယ် " ဟူရ်ျ ပြောသွားခဲ့သည်။
Written by ဒီးရမ် (မနောမြေ) 
FOOTBALL CAFE
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers