Monday, September 23, 2013

အာဆင်နယ်ဟာ ချန်ပီယံဆုကို စိန်ခေါ်နေပြီလို့ ပြောဖို့ စောလွန်းပါသေးတယ် ဆိုတဲ့ ကာရေဂါ

 
ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ ဇယားထိပ်မှာ ရပ်တည်နေသော်လည်း ချန်ပီယံဆုကို ဆွတ်ခူးဖို့ စိန်ခေါ်နေပြီဟု ပြောဆိုဖို့ စောလွန်းနေသေးကြောင်း လီဗာပူးလ် ဂန္ထဝင် ကစားသမားကြီး ဂျင်မီ ကာရေဂါက ဝေဖန် သုံးသပ်လိုက်သည်။

ကာရေဂါက “ကျနော့်အမြင်ကတော့ အနိမ့်အမြင့် အတက်အကျ ရလာဒ်တွေကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဇယားထိပ်မှာ ရပ်တည်ဖို့ ထိုက်တန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနှင့် မန်စီးတီးကွင်းလို နေရာမျိုးမှာ တစ်ခုခု လုပ်ပြပြီးတော့ အများသူငါ သတိထားမိလာဖို့ လုပ်ပြဖို့ လိုပါသေးတယ်။”

“ပွဲကြီးတွေမှာဆိုရင် ကျနော် အာဆင်နယ်ကို ဘယ်တော့မှ မကြိုက်ခဲ့ပါဘူး။ အထူးသဖြင့် အဝေးကွင်း ပွဲစဉ်တွေမှာပေါ့။ အိုးထရက်ဖို့ဒ်လို ကွင်းကြီးမှာ သူတို့ သွားကစားရအုံးမှာပါ။ အဲဒီနောက်ကျရင် ကျနော်တို့ ထပ်ကြည့်ကြသေးတာပေါ့။”

“ တကယ်လို့ သူတို့ အဲဒီပွဲကို ရှုံးသွားရင် အာဆင်နယ်အတွက် ပြီးဆုံးသွားပြီလို့ ကျနော် မပြောပါဘူး။ အဲဒီလို ပွဲကြီးတွေ၊ အရေးကြီးတဲ့ ပွဲတွေကို သွားပြီးတော့ အနိုင်ကစားနိုင်တာမျိုး ကျနော် ဖြစ်စေချင်ပါတယ်။”
ဟု သုံးသပ် ပြောကြားသွားခဲ့သည်။
Written by အောင်စိုးမိုး(နတ်ရွာ) 
FOOTBALL CAFE
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers