Thursday, September 26, 2013

ဖုန်းဆိုင်အတွင်းဝင်ရောက်၍ ဟန်းဆက်များနှင့်ငွေဖြည့်ကဒ်များ ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီး


 

၉.၉.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ Huawei ဖုန်းနှင့်အပိုပစ္စည်းအရောင်းဆိုင်တာဝန်ခံ မသူဇာသည်
ဆိုင်သို့ရောက်ရှိစဉ် ဆိုင်၏အနောက်ဘက်ပြူတင်းတံခါးမှာ ပွင့်နေပြီး
ပစ္စည်းများပြန့်ကျဲကာ ဆိုင်အတွင်း၌ထားရှိသော ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ ကျပ်(၁၀၀၀၀)တန်ငွေ ဖြည့်ကဒ်(၅၉)ကဒ်၊ကျပ်(၅၀၀၀)တန်
ငွေဖြည့်ကဒ်(၆၆)ကဒ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၈၅၁၉၀၀၀)မှာ
ပျောက်ဆုံးနေသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း(ပ)၉၇၄/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေး
ဌာနစုမှတပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှပြစ်မှုကျူးလွန်သူအားခြေရာခံကာ အထောက်အထားနှင့်ကွင်းဆက်
များရှာဖွေစုဆောင်းပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ လိုက်စုံစမ်းခဲ့ရာ ဆက်စပ်ပြည်သူများ၏အကူအညီဖြင့် အမှုမှပြစ်မှုကျူးလွန်သူမှာ ဖိုးငို(ခ)၀င်းနိုင်(ခ)ကျော်မင်းလွင် (ဘ)ဦးငွေလှိုင်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်ကြောင်း အတည်ပြုစုံစမ်းရရှိခဲ့သဖြင်
၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၅.၉.၂၀၁၃ ရက်နေ့
၀၉၄၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ အနောက်ပိုင်းဆေးရုံအနီးတွင်
ဖမ်းဆီးရမိခဲ့ပါသည်။

ဖိုးငို(ခ)၀င်းနိုင်(ခ)ကျော်မင်းလွင်အားစစ်ဆေးရာ ၎င်းသည်ဖောက်ထွင်းမှု၊ ခိုးမှုများဖြင့် ၂၀၀၀ပြည့်နှစ်တွင် ထောင်ဒဏ်(၈၃)နှစ် ကျခံခဲ့ရသူ
ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ်(၁၁)လပိုင်းတွင်၊ မွန်ပြည်နယ်၊ မုပ္ပလင်ရဲဘက်
စခန်းမှထွက်ပြေးလာခဲ့သူဖြစ်ကြောင်း၊ အခင်းဖြစ်ဆိုင်၏နောက်ဘက်
ပြူတင်းပေါက်အား သံတူရွင်းဖြင့်ကလော်ဖွင့်ပြီး အတွင်းရှိ
သံပန်းတံခါးသော့ကို ဖျက်ဆီးဝင်ရောက်ကာ အမှုမှပျောက်ဆုံးပစ္စည်းများ
အားခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police


 

0 Comment Box:

Post a Comment


 

Comment Box

Followers