Saturday, September 21, 2013

မန်ချက်စတာ ဒါဘီ ပွဲတွင် ငြိမ်သက်စွာ အားပေးရန် တောင်းဆိုလိုက်သည့် ဂျိုးဟတ်

 
မန်ချက်စတာ စီးတီး အသင်း၏ ဂိုးသမား ဖြစ်သူ ဂျိုးဟတ် သည် လာမည့်  တနင်္ဂနွေ နေ့ တွင်ယှဉ် ပြိုင် ကစား ရမည့် မန်ချက်စ တာယူနိုက် တက် အသင်းနှင့် ဒါဘီ ပွဲစဉ် တွေ ပြသာနာ တစုံတရာ မဖြစ်ပွားရ လေ အောင် အေးဆေး စွာ အားပေး ကြရန် အတွက် ပရိတ်သတ် များ အား တောင်းဆို လိုက်သည်။

ပြီခဲ့ သည့် နှစ် ဒီဇင်ဘာ လအတွင်း ကစား ခဲ့ သော မန်ချက် စတာ ယူနိုက် (၃-၂) မန်ချက်စတာ စီး တီး ပွဲစဉ် တွင် ရီယို ဖာဒီနန် အား မန်စီးတီး ပရိတ်သတ် တဦးမှ ကွင်း ထဲ ၀င်ရောက် လာ ကာ ရန်ပြု ရန်ကြိုးပမ်း ရာတွင် ဂျိုးဟတ် အနေ ဖြင့် ကာ ကွယ်ပေးခဲ့ ဖူးသည်။ ထို့ ပြင် မန်စီးတီး ပရိတ်သတ်များ ထဲမှ ပစ်လိုက်သော ဒင်္ဂါးပြား သည် ယူနိုက်တက် နောက်ခံလူ ရီယို ဖာဒီနန် ၏ မျက် ခုံး အား ထိမှန် ကာ သွေးထွက် သံယို အထိ ဖြစ်ခဲ့ ရသည်။

အသက် (၂၆) နှစ် အရွယ် ရှိ ဂျိုးဟတ် သည် အသင်းရှိ ကစား သမား အားလုံး ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကမ္ဘာ ပေါ်တွင် စိတ် လှုပ်ရှား မှု အကောင်းဆုံး ဒါဘီ ပွဲစဉ် အား ယှဉ် ပြိုင် ကစားရန် အတွက် အဆင်သင့် ဖြစ်နေကြာင်း၊ သို့ရာတွင် ပြီးခဲ့နှစ် ကဲ့သို့ ဆိုးရွားသည့် မြင်ကွင်း များ အား မဖြစ် ပေါ်စေ လိုကြောင်း ပြော သွားခဲ့သည်။

ဂျိုးဟတ် က "မနှစ်က ဆူပူမှု တချို့ ရှိခဲ့ ပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်ကို ဘယ်သူ မှ ထပ် မြင်ချင် မှာမဟုတ် ပါဘူး။ ဒီပွဲကို ကမ္ဘာတ၀ှမ်း က ပရိတ်သတ် တွေ ကြည့်နေ ကြမှာလေ။ ကျွန်တော်တို့ ပရိတ်သတ် တွေ အနေ နဲ့ အသင်းကို ဂုဏ် တက် အောင် ပြုလုပ် ပေးကြမယ်ဆို တာ ကျွန်တော် ယုံ ကြည်ပါတယ်။ ကျွန်တော် တို့ အသင်းရဲ့ ပရိတ်သတ် တွေဟာ ကမ္ဘာပေါ် မှာ အကောင်းဆုံး ပရိတ်သတ် တွေပါ။
မန်စီးတီး ပရိတ်သတ် တွေ ရဲ့ အသင်း အပေါ် ဘယ်လောက် ထိ ချစ်မြတ် နိုင်းပြီး ၊ ဘယ်လောက် ထိ အရူး အမူး ဖြစ်တယ်ဆို တာ ပြသစေလိုပါတယ်။ ဒါပေမဲ့ မှန်ကန် တဲ့ နည်းလမ်း ဖြစ် ဖို့ တော့ လိုတာပေါ့ ဗျာ။ ဒါဘီ ပွဲစဉ်ဟာ ဘောလုံး လောက ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး စိတ်လှုပ်ရှား စရာ အကောင်းဆုံး ပွဲ တွေထဲက တခုပါ။ ကစား သမား အားလုံးက လဲ တနင်္ဂနွေ နေ့ ပွဲ အတွက် စိတ်လှုပ်ရှား နေကြပါတယ်။ ပရိတ်သတ် တွေ လဲ ဒီအတိုင်းဘဲ ဖြစ်နေမှာပါ။ အိမ်ကွင်း ပရိတ်သတ် တွေ ဟာ ကျွန်တော် တို့ အတွက်အရမ်း အရေးပါပါတယ်။

သူတို့ဟာ ကျွန်တော် တို့ရဲ့ (၁၂) ယောက် ကစား သမား လို့လဲ ပြောလို့ ရပါတယ်။ အဲ့ဒီနေ့ ကျရင် သူတို့ ရဲ့ အော်ဟစ် အားပေး တဲ့ အသံ တွေကို ကြားချင်ပါတယ်။ ဒီပွဲမှာ ကျွန်တော် တို့ အနေနဲ့ ပရိတ်သတ် အားလုံး ကို ပျော်ရွှင် စေလိုပါတယ်။ ဒါပေမဲ့ စဉ်းစား တတ်ဖို့ တော့ လိုပါတယ်" ဟူရ်ျ ပြောသွား သည်။ မန်စီးတီး ၏ အိမ်ကွင်း အီတီဟတ် တွင် တွေ့ဆုံ ခဲ့ သော နောက်ဆုံး ဒါဘီ ပွဲစဉ် (၅) ပွဲတွင် ပြိုင်ဘက် ယူနိုက်တက် အသင်း က သုံးပွဲ အထိ အနိုင် ရယူ ထားသည်။

FOOTBALL CAFE


0 Comment Box:

Post a Comment


 

Comment Box

Followers