Thursday, September 26, 2013

Facebook ကို လန့်​​ပြေးခဲ့တယ်​လို့ ဝန်​ခံလိုက်​တဲ့ မယ်​လိုဒီ


မယ်​လိုဒီက လူမှုကွန်​ရက်​ တစ်​ထုဖြစ်​တဲ့ Facebook ကို  တွင်​တွင်​ကျယ်​ကျယ်​ သုံး​လေ့ရှိသူဖြစ်​ပြီး Facebook ​ပေါ်က သူငယ်​ချင်း​တွေကိုလည်း တရင်းတနှီးလက်​ခံ စကား​ပြော​လေ့ ရှိသူပါ။ အကယ်​ဒမီ ​ပေးပွဲမှာလည်း သူမက Facebook ​ပေါ်က သူငယ်​ချင်း​တွေကို ​ကျေးဇူးတင်​စကား ထည့်​သွင်း​ပြောကြားခဲ့သူပါ။ ဒါ​ပေမယ့်​ ပြီးခဲ့တဲ့ လပိုင်း​တွေမှာ Facebook ​ပေါ်က​နေ ​ပျောက်​ချက်​သား ​ကောင်း​နေခဲ့ပြီး အခု​တော့ ပြန်​လည်​ သုံးစွဲ​နေပြီလို့ ​ပြောပါတယ်​။

သူမအ​နေနဲ့ Facebook နဲ့ ပတ်​သက်​ပြီး လန့်​​ပြေးခဲ့ရတဲ့ အ​ကြောင်းကိုလည်း "မျိုး က သတ္တိနည်းသွားလို့ပါ။ ကိုယ်​က အရမ်းခံစားတက်​တယ်​။ အရမ်းခံစားတဲ့ အခါကျ​တော့ တစ်​ခုခု​ပြောလိုက်​ရင်​ တုံ့ပြန်​မှုက မြန်​တယ်​။ ဝမ်းသာလွယ်​၊ ဝမ်းနည်းလွယ်​၊ ​ဒေါသထွက်​လည်း လွယ်​တယ်​​လေ။ ဒါ​ကြောင့်​ Facebook ကို လန့်​​ပြေးသွားတာ။အခု​တော့ ပြန်​သုံး​နေပါပြီ။ အသက်​အရွယ်​လည်း ရလာ​တော့ ကိုယ်​အ​လျှော့​ပေးရမယ့်​ အချို့​နေရာ​တွေကို မရတာရှိတယ်​​လေ။ အသက်​အရွယ်​ ပိုင်းခြားအရ သည်းခံနိုင်​ရင်​ ပို​ကောင်းလိမ့်​မယ်​လို့ လက်​ခံထားတယ်​" လို့ ​ပြောပါတယ်​။ ဗီဒီယို ကာတစ်​ကား ပြန်​ရိုက်​​နေတဲ့ အ​ကြောင်းကိုလည်း "ဒါရိုက်​တာ ထွန်း​အောင်​​ဇော်​နဲ့ ဗီဒီယို ကား​လေးတစ်​ကား ပြန်​ရိုက်​မယ်​။ ​ကြော်​ငြာက​တော့ ဆက်​တိုက်​ရိုက်​ဖြစ်​​နေတယ်​။ အဲဒီဗီဒီယိုကား​လေးပြီးရင်​ ဆက်​ပြီး ဇာတ်​ကား​တွေရိုက်​ဖို့ ၊ မရိုက်​ဖို့ကို ဒွိဟဖြစ်​​နေဆဲပဲ "လို့ ​ပြောကြားခဲ့ပာတယ်​။

 Friday(Malay)
 Myanmar Daily News

0 Comment Box:

Post a Comment


 

Comment Box

Followers