Tuesday, September 17, 2013

နစ်ဆန်းက မြန်မာနိုင်ငံတွင် ကားငယ်များနှင့် ထရပ်ကားများ ထုတ်လုပ်တော့မည်

 
ရန်ကုန် ၊ စက်တင်ဘာ ၁၆။ ။ ဂျပန် ကားကုမ္ပဏီကြီးဖြစ်သော နစ် ဆန်းက မလေးရှားကုမ္ပဏီ တစ်ခု နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ကားငယ်များနှင့် ထရပ်ကားများ ယခုနှစ်အတွင်း စောနိုင်သမျှစော စော ထုတ်လုပ်တော့မည်ဖြစ် ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နိကေးစီးပွားရေးသတင်းစာ က ယနေ့ရေးသားလိုက်သည်။

နစ်ဆန်းကားကုမ္ပဏီသည် မလေးရှားနိုင်ငံ တန်ချောင်းမော် တော်ကား ဟိုးဒင်း ကုမ္ပဏီနှင့် ပူး ပေါင်းကာ ကားငယ်များနှင့် ပစ် ကပ်ထရပ်ကားများကို တစ်နှစ် လျှင် ထောင်ချီထုတ်လုပ်တော့ မည်ဖြစ်ကြောင်း ထိုသတင်းစာ က ရေးသားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်ပြီးနောက်ပိုင်း ဂျပန်ဆူဇူကီး ကားကုမ္ပဏီအပါအဝင် အမေရိ ကန်ကားကုမ္ပဏီများက ဈေးကွက် ဝင်ရောက်နေသော်လည်း နစ် ဆန်းအနေဖြင့် ကားအများဆုံး ထုတ်လုပ်မည့် ကုမ္ပဏီကြီးအဖြစ် ရှိလာမည်ဖြစ်ကြောင်းသိရသည်။
နစ်ဆန်း၏ လုပ်ဖော်ကိုင်ဖက် တန်ချောင်းကုမ္ပဏီက ကားတပ်ဆင်စက်ရုံ တည်ဆောက်ပေးဖွယ်ရှိပြီး အရှေ့တောင်အာရှနှင့် အခြားနေရာများရှိ နစ်ဆန်း စက်ရုံများမှ ကားအစိတ်အပိုင်းများကို မြန်မာနိုင်ငံသို့ တင်ပို့ကာ အဆိုပါ တပ်ဆင်စက်ရုံမှ တပ်ဆင်ထုတ်လုပ်ပေးမည်ဟု သိရသည်။ လူဦးရေ ၆၃ သန်းခန့်ရှိသော မြန်မာနိုင်ငံတွင် ကားပိုင်သူများမှာ ၂.၃၆ သန်းခန့်သာ ရှိကြောင်း နိကေး သတင်းစာက ရေးသားခဲ့သည်။
Yangon Media Group
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers