Sunday, September 15, 2013

MOUအလုပ်သမားပြဿနာဖြေရှင်းသူမရှိဖြစ်နေ


                                        


စက်တင်ဘာ ၁၄   ကိုတီး
   ထိုင်းနိုင်ငံအတွင်းသို့  ထိုင်းနှင့်မြန်မာအစိုးရတို့ တင်သွင်းကြသည့် MOU အလုပ်သမားပေါင်းများစွာ ဒုက္ခရောက်နေကြသော်လည်း ကူညီဖြေရှင်းမည့်သူ မရှိပဲဖြစ်နေကြောင်းအလုပ်သမားများကပြောသည်။
         ရွှေလမ်းဖွင့်ကုမ္ပဏီ က၂၀၁၃ ခုဇွန်လ၆ရက်   နေ့တွင်JR ဆောက်လုပ်ရေးကုမ္ပဏီသို့အလုပ် သမား ၇၉ ဦးအား တင်သွင်းလာခဲ့သည်။  အလုပ်သမားကိုမင်းဇေါ်က ကြုံတွေ့နေရပုံများကို ရှင်းပြသည်။ “ကျနော်တို့မူလစာချုပ်ချုပ်ခဲ့တဲ့နေရာက စူရတ်မှာပါ၊ ပထမ ရောက်လာ နကဆ၀န်စက်ရုံတစ် ခု ကိုပို့တယ်။ ပြီးတော့ ဖူးခက်ကျွန်းကိုပို့တယ်၊ အဲဒီမှာ ပုလိပ် ၃ကြိမ်ဖမ်းပါတယ်။ ၂လတိုင်အောင် အလုပ်မ လုပ်ပဲနေခဲ့ကြရပါတယ်။ သြဂုတ်လ၂၇ ရက်နေ့က သံရုံးကိုပို့မယ်လို့ ရွှေလမ်းဖွင့်ကုမ္ပဏီပိုင်ရှင် ဦးမျိုးမြင့် လေး က လိမ်ပြီးခေါ်လာခဲ့ပါတယ်။ ဒီကျွန်းမှာရှိတဲ့ ကျောက်ဆောင်တွေပေါ်မှာ တိုက်တွေဆော က်နေ  ရလို့ကျနော်တို့ ဘယ်နေ့ပြုကျ သေမလဲ မသိဖြစ်နေပါတယ်။ မြန်မာသံရုံးနဲ့ ဦးမျိုးမြင့်လေး ကိုဖုန်း ဆက်လို့မကိုင်တော့ဘူး၊ ကျနော်တို့ကို မြန်မာပြည် ကို ပြန်ပို့ပေးပါဗျာ” ဟု စိုးရိမ်ထိတ်လန့်စွာပြောသည်။
   
 မြန်မာနိုင်ငံဘက်မှ Pepole’Choice  ကုမ္ပဏီဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စမွတ်စာခွန် ခရိုင် မဟာချိုင် ၉လမ်း အမှတ်(၁၀/၂၀) အလုပ်ရုံ တွင် Ing  Daw Frozen Limitet Partnership  ဆိုသည့်  ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည့် အလုပ်သမား၁၅၀ဦး(ကျား ၁၀၀ မ ၅၀ဦး) တို့မှာ အလုပ်မရှိသဖြင့်  မည်သည့်နေရာသို့ရောက်ရှိသွားကြပြီမှန်းမသိပဲ ဖြစ်နေခဲ့ရကြောင်း အလုပ်သမ မဂွမ်းပုံ ကပြောပြန်သည်။
မဂွမ်းပုံ က “သမီးတို့ အလုပ်သမားတွေ အကုန်လုံး ဘယ်ရောက်လို့ရောက်မှန်းမသိတော့ဘူး။ ခု သမီးကို Pepole’Choice  ကုမ္ပဏီက မနှင်းအေးမြိုင် ဆိုတဲ့အမျိုးသမီးက သမီးတို့စာအုပ်ဖို့  လင်မယား၂ယောက် အတွက်ဘတ်ငွေ ၂၄,၀၀၀ ပေးပြီးပြီး ၀တ်ပါမစ်လုပ်ပေးဖို့ ဆိုပြီး နောက်ထပ် ၂၄,၀၀၀ ထပ်လိမ်သွားပြန် တယ်။ သုံးရုံကို ဖုန်းဆက်တော့လည်း နင်တို့ကိစ္စ မရှင်းနိုင်ဘူး ဘာညာပြောပြန်တယ်” ဟုပြောသည်။
               ရန်ကုန်မြို့ Love World Sevices Co,ltd က ဘန်ကောက်မြို့ အယ်ကချိုင် ၆၉ လမ်းတွင်ရှိ သော KH-STYLE အထည်ချုပ် အလုပ်ရုံသို့ စုစုပေါင်း ၉၇ ဦး တင်ပို့ခဲ့သည်။ အလုပ်သမားများ သည် MOU မူလစည်းကမ်းချက်ပါအတိုင်းမဟုတ်ပဲ အခန်းခ+ရေးမီးခများပေးနေရသည်။ အလုပ်သမား၅ ဦးနေထိုင် သည့် အခန်းငှါးရမ်းခ၊ အခန်းစပေါ်၂၈၀၀ ဘတ်အား၊ အလုပ်သမားများက ပေး ထားရသလို (၅ဦးအတွက် အခန်းခ ၁၄၀၀ ဘတ်) ကိုလည်း  အလုပ်သမားများက လစဉ်ပေး ဆောင်နေရပါသည်။ ယခုအလုပ်သမားများအနက် ၂၀၁၃ ခုနှစ် မတ်လ က ဂျော်ဒန် နိုင်ငံအထည်ချုပ်စက်ရုံတွင်ပြဿနာ တက်၍ ပြည်တော်ပြန်ခဲ့ရသည့် အလုပ်သမ ၃ဦး ပါဝင်သည်။
           အလုပ်သမားများအား နေ့စားမပေးပဲ ပုတ်ပြတ်ပေးမည်ဟု ပြောဆိုပြီး ပြဿနာတက်ခဲ့ကြသည်။ အလုပ်ရုံဘက်မှ မူလစာချုပ်ပါ စည်းကမ်းချမ်းများကိုဖေါက်ဖျက်ကြောင်း ပေါ်လွင်သော်လည်း မြန်မာသံရုံး မှ ဖြေရှင်းလိုက်သည်မှာ စက်တင်ဘာလ ၃ရက်နေ့က အလုပ်သမများအား နယ်စပ်သို့ပြန်ပို့လိုက်ခြင်းပင်   ဖြစ်ပါသည်။
              အလုပ်သမ မနှင်းအေး က “အလုပ်သမားတွေဟာ ကျပ်ငွေ နှစ်သိန်းခွဲကနေ ငါးသိန်းငါးသောင်း အထိ ပေးခဲ့ရပါတယ်။ Love World Sevices Co,Ltd  က ဒေါ်ချိုချိုစမ်း ရောက်လာတယ်။ မလုပ်ချင်တဲ့ သူတွေ ရန်ကုန်ကိုလာခဲ့တဲ့၊ ကျပ်ငွေ တစ်သိန်းစီ အချိန်မရွေးပြန်ပေးမယ်တဲ့။ အခြားငွေတွေ သူမသိဘူးတဲ့။  ဦးကျော်ကျော်လွင် ကလည်း နယ်စပ်ကိုပြန် အသစ်ပြန် လုပ်ပေးမယ် ဒါပဲပြောတယ်။ သမီးတို့ ဘ၀ပျက် ကုန်တာပေါ့။ ဟိုတိုင်ဒီ တိုင်မလုပ်နဲ့ ဖုန်းတွေ အကုန်ပိတ်ဆိုပြီးပြောထားလို့ နောက်မှ ဦးလေးတို့ကိုပြန်ပြော ရတာ။ မှားတဲ့ကုမ္ပဏီကို အပြစ်မပေးပဲ၊သမီးတို့ကိုပဲနယ်နှင်ဒဏ်အပြစ်ပေးတဲ့သဘောဖြစ်နေတယ်။ သမီးနဲ့ အချို့သူငယ်ချင်းတွေ ဘန်ကောက်မှာ ရှောင်နေလိုက်တယ်၊ အဆင်ပြေရာလုပ်မှာပဲ။” ဟုပြောသည်။
             ဆွေဆွေစံကုမ္ပဏီ မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ MCC ဟူသည့်ကုမ္ပဏီ သို့ မြန်မာအလုပ်သမား ၃၀ဦးအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၆၀၀ ခန့် အကွာ ချင်းမိုင်မြို့အနီး လန်းပန်းခရိုင်၊ လန်းပန်းမြိုသို့တင်သွင်းခဲ့ပါသည်။ ထိုင်းနိုင်ငံသို့လာရန်အတွက် အလုပ် သမား တစ်ဦးစီ ကျပ်ငွေနှစ်သိန်း နှင့် သုံးသိန်းအထိ ပေးချေခဲ့ကြရသည်။ မြ၀တီမြို့တွင် ၆လကြာ စောင့် ဆိုင်း နေခဲ့ကြရသည်။ ဇူလိုင်လ ၁၈ ရက်နေ့တွင် အလုပ်နေရာ၂ ခုတွင်သီးခြားစီလုပ်ကြရပါသည်။ အလုပ်သမား၂၃ဦးတို့မှာ ပုလိပ်ဖမ်းဆီးခြင်းမခံရသော်လည်း အလုပ်သမား(၇) ဦးတို့မှာ work permit မရှိဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်၄၀ ရက်ကျခံခဲ့ရသည်။ အလုပ်သမား များ    သြဂုတ်လ၂၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်ပါသည်။
ထောင်မှလွတ်လာသည့် ကိုနိုင်လင်း က“ ကျနော် မြန်မာသံအမတ်ကြီးနဲ့ ဦးကျော်ကျော်လွင် ကိုဖုန်းဆက်ပါ တယ်။ ကျနော်တို့ထောင်ကလွတ်လာပြီ၊ကျနော်တို့နောက်ထပ် ဒီလိုမျိုးမဖြစ်အောင်နဲ့ကျနော်တို့ကိုတစ်ခုခု    ကူညီဖို့ပေါ့၊ သူတို့က ပြောတယ် အချိန်ယူပြီလုပ်ရမယ်တဲ့။ ကျနော်တို့ အစိုးရ ချင်း G to G လာတာလည်း   ဖြစ်တယ်။ ထောင်လည်းကျတယ်ဆိုတော့ ကျနော်တို့တော့ လူတိုင်းကိုပြောနေအုံးမယ်လို့ ပြောလိုက် တယ်” ဟုပြောသည်။

           ယခုကဲ့သို့MOUအလုပ်သမားများပြဿနာ တက်နေခြင်းများအပြင် ထိုင်းနိုင်ငံအတွင်းပတ်စပို့ လုပ်ထား ကြသည့် မြန်မာအလုပ်သမားများပါ အခက်ကြုံနေကြကြောင်း ဘန်ကောက်မြို့မှ မြန်မာ ကုမ္ပဏီတစ်ခု မှအရာရှိကြီးတစ်ဦးကပြောသည်။
            “MOUနဲ့ပို့တဲ့အလုပ်သမားတွေရော၊ထိုင်းမှာလုပ်တဲ့အလုပ်သမားတွေပါ အကုန်လုံးဒုက္ခ္ခရောက်နေကြ တာ။ မြန်မာအစိုးရက ခရမ်းရောင်ပတ်စပို့စာအုပ် ရောင်းလို့စွံရုံလောက်ပဲ သဘောထားတာ။ ပြီသွားတဲ့အပတ်က  ပတ်စပို့လုပ်လိုက်တာ ရှစ်သိန်းလောက်ရှိလိမ့်မယ်ထင်တယ်။ DOE နံပတ်တစ်ခုကို   မြန်မာအစိုးရက၊ စကင် ဖတ်ဖို့ တာဝန်ပေးထားတဲ့အုပ်စုတွေက အများကြီး ပွားထုတ်လိုက်တာပါဆိုရင် ကျနော်ထင်တယ် စာအုပ် ပေါင်း ရှစ်သိန်းလောက်တော့ အနည်းဆုံး ရောင်းရလိမ့်မယ်။  တစ်အုပ်ကို ဘတ်  ၈၅၀ လေ။ အလုပ်သမား တရားဝင်မှု/မ၀င်မှု အကာအကွယ်ပေးရကောင်းမှန်း၊ ပြဿနာကိုဖြေရှင်း ရကောင်းမှန်းမသိကြဘူး။ ခု အလုပ်သမားတွေ သူဌေးပြောင်းမရ၊ ၀တ်ပါမစ်ဖို့ ပိုက်ဆံလည်းယူထားတယ်။ ၀တ်ပါမစ်လည်းလုပ်မပေး။ ပတ်စပို့မှာတစ်ခါထောရော၃၈/၁မရှိတာကတစ်မျိုး၊ကိုတ, ရောင်းစားတဲ့ သူဌေး  တွေက ကိုတ,ဖိုး ထပ်တောင်းတယ်။ ပြောင်းရွှေ့ခ ထပ်တောင်းတယ်။ မြန်မာသံရုံးကို သွားပြောေ တာ့ ကိုတ, ကို သူတို့မသိ ဘူးတဲ့။ မဟုတ်တဲ့လူတွေမွေးပြီး မဟုတ်တာတွေ အကုန်လုပ်နေကြတာပဲ။ ကျနော်တို့ ဆက်လက်ဖေါ်ထုတ် နေကြရအုံမှာပဲ” ဟုပြောသည်။
ရွှေလုပ်သား

0 Comment Box:

Post a Comment


 

Comment Box

Followers