Friday, September 27, 2013

ဒီအရွယ်မှာ အိမ်ထောင်ပြုရင် ကောင်းတယ်လို့ ပြောမယ့်သူရှိမှာ မဟုတ်ဘူးဆိုတဲ့ မေသက်ခိုင်


ပရိသတ်အားပေးမှုတွေနဲ့ နာမည်ရ မင်းသမီးလေး မေသက်ခိုင်ရဲ့ အချစ်ရေးကို သူမနဲ့ဆုံတွေခိုက် မေးမြန်းဖြစ်ခဲ့ရာမှာတော့ “ အချစ်ရေးက တအားကြီး ထူးထူးခြားခြား ဖြစ်သွားတာတော့ မရှိသေးဘူး။ ရှိရင်တော့ ပရိသတ်တွေကို ပြောပြမှာပါ။ သူများတွေကတော့ အချစ်ကို ကိုယ့်ကိုနားလည်ပေးနိုင်ပြီး ချစ်မယ့်သူလို့ ပြောကြတယ်။ ဒါပေမယ့် သမီးကတော့ ကိုယ်ကလည်း သူ့ကို ဘယ်လောက်ထိ နားလည်ပေးနိုင်လဲ ၊ သူဘယ်အတိုင်းအတာထိ နားလည်ပေးနိုင်လဲ၊ သူ ဘယ်အတိုင်းအတာထိ ခွင့်လွှတ်နိုင်မလဲ ဆိုတာကို စဉ်းစားတယ်။

ပရိသတ်တွေကရော ဒီအသက်အရွယ်မှာ အိမ်ထောင်ပြုရင်ကောင်းတယ်လို့ ပြောမယ့်သူရှိမှာ မဟုတ်ဘူး။ အိမ်ထောင်ပြုဖို့ အသက်အရွယ်လည်း မရောက်သေးပါဘူး။ သမီးအမေက တအားကြီးချုပ်ချယ်တဲ့ မိဘတွေထဲမှာတော့ မပါဘူး။ ငယ်ငယ်လေးထဲက အမေက ပြောထားတယ်။ ရွေးတာက ကိုယ်တိုင်လုပ်ရမှာ၊ အမေတို့က ဘေးကနေ အကြံဥာဏ်ပေးလို့ပဲရမှာ ဆိုပြီးတော့လေ” လို့ ပြောပြခဲ့ပြီး လက်ရှိအချိန်မှာ ဒါရိုက်တာ သားကြီး ရိုက်ကူးတဲ့ The Poison of Love  ဇာတ်ကားမှာ နေမျိုးအောင်၊ နေဒွေးတို့နဲ့ အတူပါဝင် သရုပ်ဆောင်နေပါတယ်။

Friday(Malay)
Myanmar Daily News


0 Comment Box:

Post a Comment


 

Comment Box

Followers