Tuesday, September 24, 2013

မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးနောက် အသင်းနောက်တန်းကို ရွန်းနီဝေဖန်

စက်တင်ဘာ ၂၄

မန်ယူအသင်းတိုက်စစ်မှူး ရွန်းနီက မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် အသင်းနောက်တန်းအနေဖြင့် ယခုထက်ပိုမိုကောင်းမွန်ရန် လိုအပ်ကြောင်းနှင့် လီဗာပူးအသင်းနှင့် ကယ်ပီတယ်ဝမ်းဖလား ပြိုင်ပွဲကို အာရုံစူးစိုက်ထားကြောင်း ပြောခဲ့သည်။

ရွန်းနီသည် မန်ယူအသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် မန်ချက်စတာဒါဘီပွဲများတွင် ၁၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။ ယင်းပွဲတွင် ၄-၁ဖြင့် မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း မန်ယူအသင်းအတွက် အဆိုးဆုံး ဒါဘီရှုံးနိမ့်မှုလည်းဖြစ်သည်။

‘မန်စီးတီးအသင်းကို ရှုံးခဲ့ရတာဟာ စိတ်ပျက်စရာကောင်းပါတယ်။ ဆိုးရွားတဲ့ ရလဒ်အတွက်လည်း အတော်လေး စိတ်ပျက်ရပါတယ်’ ဟု ရွန်းနီက မန်ယူတီဗီသို့ ပြောခဲ့သည်။

ထို့ပြင် ၄င်းက လီဗာပူးအသင်းနှင့်ပွဲအတွက် အပြည့်အ၀ အာရုံစိုက်ထားကြောင်းနှင့် ဖလားပွဲဖြစ်ဖြစ် လိဂ်ပွဲပင် ဖြစ်ဖြစ် လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားရသည်မှာ ခက်ခဲသောပွဲများပင်ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့သည်။

မြန်မာသံတော်ဆင့်

 

0 Comment Box:

Post a Comment


 

Comment Box

Followers