Friday, September 27, 2013

ခိုးကူးပေးတဲ့ ဒုက္ခကြောင့် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး တာဝန်ရှိ သူများ မန္တလေးကို ရောက်ရ


 
 မြန်မာနိုင်ငံ ဂီတ အစည်းအရုံး က တာဝန် ရှိသူတွေဖြစ်တဲ့ ဦးမျိုးဆွေ၊ သားစိုး စတဲ့ တာဝန်ရှိ သူများ မန္တလေးမြို့ကို ရောက်ရှိ လာပါတယ်။

ရောက်ရှိလာရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး အဆိုတော် သားစိုးက
“မန္တလေးမှာ ခိုးကူး ဖမ်းမိတာပေါ့။ တရားမ ကြောင်း နဲ့ တရားစွဲ ပြီး လျော်ကြေး ရလိုမှုနဲ့ လာတဲ့အမှုပေါ့။ ဖမ်းမိတာ ၁လပိုင်းက ဖမ်းမိ တာပါ။ ကျွန်တော် တို့လည်း ဘယ်သူမှ အားကြတာ မဟုတ်ဘူး။ မန္တလေးကို ၁၉ ရက်နေ့ အတွင်း လာဖို့ comfirm ဖြစ်တယ်။ ခရိုင် တရားသူကြီး ကခေါ် ပါတယ်။ တကယ် ဆုံ တွေ့ရမယ့်နေ့ မနက်မှာ လေယာဉ်နဲ့ လာခဲ့ပြီး မနက် ၁ဝနာရီ ၁၅မိနစ်မှာ ဘာပြောလဲ ဆိုတော့ ချက်ချင်းကြီး ရှောင်တခင် ခွင့်ယူ သွားတယ် ဆိုတော့ ကျွန်တော် တို့ ဒုက္ခရောက်တာပေါ့။ ဒီအမှုက ကျွန်တော် တို့ ဂီတသမိုင်း မှာ ပထမဆုံး တရားမမှုနဲ့ စွဲလို့ရမယ့် အမှုဖြစ်နေလို့ ဂီတ အစည်းအရုံး နဲ့ ဂီတလောက သားတွေ အားထား ကြတာပါ။ လာတော့မှ ဒီလို အပြောင်းအလဲ လုပ်လိုက်တော့ အခက်အခဲ ဖြစ်တာပေါ့။ လျော်ကြေး ရလိုမှုကို သိန်း ၅ဝဝဝ တောင်းဆို ထားပါတယ်။ ကျွန်တော် တို့ အများကြီး လျှော့ပေါ့ တောင်းဆို ထားတာပါ။ သူ့တို့ခိုးကူးပြီး သိန်းသောင်း ချီချမ်းသာ နေကြတာပါ။ ကျွန်တော် တို့ဂီတ သမားတွေသာ ဆင်းရဲနေ ကြတာပါ” လို့ ပြောပါတယ်။

ဂီတ အစည်းအရုံး အနေနဲ့ ခိုးကူး တိုက်ဖျက်ရာမှာ လမ်းဘေးမှာ ရောင်းတဲ့ ခိုးကူးတွေကို ဖမ်းဖို့ စိတ်ကူးမရှိဘဲ။ ဒိုင်တွေကို ရှာဖွေဖမ်းဆီး မှာ ဖြစ် တယ်လို့ သားစိုး က ပြောပါတယ်။ ခိုးကူးက ဂီတ ကျဆင်းမှု ရဲ့ အကြောင်း အရာ ထဲမှာ နံပါတ်တစ် ဖြစ်နေတော့ အဲဒါက အဓိက အရေးကြီး နေတာပါ လို့ ပြော ပါတယ်။ ဂီတ ပရိသတ်တွေ ကလည်း ခိုးကူး တိုက်ဖျက်ရေးမှာ ပူး ပေါင်း ပါဝင်ခဲ့ပြီး အခု မန္တလေးမှာ ဖမ်းမိတဲ့ အမှုဟာလည်း သတင်းပေး ကနေ တစ်ဆင့် ဖမ်းမိတာပါလို့ သားစိုး က ရှင်းပြပါတယ်။

“ကျွန်တော့် ရဲ့ ကိုယ်ပိုင် စကားလုံး ဖြစ်တဲ့ ကြိုက်သလောက် ကူးကျ သလောက် ရှင်းပါ။ တွေ့ရင် ကတော့ လျော်ကြေး ပေး ရလိုမှုနဲ့ ပဲ ပြန် တရား စွဲမှာပါ ထောင်ကျစရာ မလိုဘူး။ ကိုယ့်ရပိုင် ခွင့်ရရင် ကျေနပ်ပါတယ်” လို့ သားစိုး က ပြောပြခဲ့ပါတယ်။

နေကွန်းထင်

 Popular Journal

0 Comment Box:

Post a Comment


 

Comment Box

Followers