Friday, September 20, 2013

ပရိတ်သတ်တွေကို လောလောဆယ်မှာ ငြိမ်နေပေးရန် မေတ္တာရပ်ခံခဲ့သည့် မော်ရင်ဟို

ရှုံးပွဲအတွက် စိတ်မချမ်းမသာဖြစ်ရကြောင်း ၆ နှစ်ကျော်မှ တဖန် စတန်းဖို့ ဖရိတ် ကို ပြန်လည်ရောက်ရှိလာကာ ချန်ပီယံလိပ် ရာဇ၀င်ကောင်းတွေရှိဖူးခဲ့တဲ့ မော်ရင်ဟိုက ပထမဦးဆုံး ချန်ပီယံလိပ်ပွဲစဉ်မှာ အိမ်ကွင်းတွင် ဘေဆယ်အသင်းကို ရှုံးနိမ့်အပြီး ပြောကြားသွားခဲ့တာပါ။ ချဲလ်ဆီး မန်နေဂျာ ဂျို့ စ် မော်ရင်ဟိုက မနေ့က သူ့အသင်း အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး ရလဒ်ဖြင့် ဘေဆယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေပြုလုပ်လာတဲ့ ချဲလ်ဆီး ပရိတ်သတ်များအား ငြိမ်ငြိမ်နေပြီး သူ့အား ဆက်လက်စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ မနေ့က ပွဲစဉ်မှာ မာတာလိုမျိုး အလယ်တန်းကစားသမား ကောင်းကို အရန်ခုံမှာ ထိုင်စေတာ တွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေက မော်ရင်ဟိုအပေါ် ဝေဖန်မှုတွေရှိခဲ့ပါသည်။ မနေ့ညက ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာ ပွဲပြီးခါနီး အော်စကာ၏ သွင်းဂိုး တဂိုးနဲ့ ပွဲကို စတင်ဦးဆောင်ခဲ့ပေမည့်လည်း ဘေဆယ်အသင်းမှဆလန် နှင့် မာကို စတယ်ရယ်လာ တို့၏ ဒုတိယပိုင်း ခြေပဂိုးနှင့် အနိုင်ဂိုးများကြောင့်  အပြာရောင်တပ်သား တို့အနေဖြင့်၂၀၀၃ ခုနှစ်ကနေစပြီး ချန်ပီယံလိပ်အုပ်စုပွဲစဉ်ပထမဦးဆုံးပွဲတွေမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိမှာတော့ ပရိတ်သတ်များ၏ ပြစ်တင်၊ ဝေဖန်ခံရမှုတွေကိုလည်း ခံနေရပါသည်။ ပွဲအပြီးမှာ အသင်းပိုင်ရှင်အေဗရာဟီမိုဗစ် ကိုယ်တိုင်က အသင်းသားများကို သတိပေး ဝေဖန်ခဲ့ကြောင်းကိုလည်း ကြားသိခဲ့ရပြန်ပါသေးသည်။

" သေချာတာတစ်ခုက ခုတလောရလဒ်တွေက စိတ်မချမ်းမြေ့ စရာတွေဖြစ်နေလို့ မပျော်ရွှင်နိုင်ပါဘူး၊ ဒါပေမဲ့ ဘောလုံးဆိုတာကလည်း ကျွန်တော်တို့ လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ နိုင်ပွဲတွေရရှိနေချိန်တွေမှာတော့၊ အသင်းပရိတ်တွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ၊ အချင်းချင်းသင့်မြတ်မှုတွေ စသဖြင့် ကြားရ မြင်ရတုံ့ပြန်ခံစားရပါတယ် " လို့မော်ရင်ဟို က စကိုင်းစပေါ့ သတင်းဌာနကို ပြောကြားခဲ့တာပါ။ထပ်ပြီးတော့လည်း "လူတစ်ယောက်၏ ကိုယ်ကျင့် နှင့် ကိုယ်ရေးကိုယ်တာ လုပ်ကိုင်ဆောင်ရွှက်မှု အရည်အချင်းတွေကို ဝေဖန် ထိပါးခြင်းခံရလာရင်တော့ အဲ့ဒါဟာ ခက်ခဲတဲ့ ကာလတွေနဲ့ ရင်ဆိုင်နေရပြီ" လို့ မော်ရင်ဟိုက ဆိုထားပါသေးတယ်။ "အဆုံးဆိုး အခြေအနေမျိုး၊ အချိန်အခါမျိုး ရောက်ခဲ့ရင်လည်း ကျွန်တော့်အနေဖြင့် ပရိတ်သတ်တွေကိုငြိမ်ငြိမ်လေးနေပေးဖို့ နှင့် ကျွန်တော့်ကို ယုံကြည်ပေးဖို့ဘဲ တောင်းဆိုချင်ပါတယ်။ ဒီရလဒ်တွေ ကြောင့်စိုးရွံ့ထိတ်လန့်နေမှာမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးဆိုတာ အားကစား ပြိုင်ပွဲတစ်ခု ဖြစ်ပြီး လက်တွေ့ကျကျ သုံးသပ်ရရင် တခါတရံမှာလည်း သင်နိုင်မည် ထင်တဲ့အရာတွေကို သင် ကိုယ်တိုင် မစွမ်းဆောင်နိုင်တာမျိုးလည်း ဖြစ်လေ့ရှိပါတယ်  " ဟု မော်ရင်ဟိုက ပြောခဲ့ပါသေးသည်။


"ပွဲအပြီးမှာ အရှုံးရလဒ် နှင့်အတူ ကျွန်တော်မပျော်ရွှင်နိုင်ဖြစ်ခဲ့ရတယ် သေချာတာကတော့ ဘေဆယ်အသင်းအနေဖြင့် ကျွန်တော်တို့အသင်းအပေါ်အကောင်းဆုံးကစားသွားနိုင်ခဲ့တယ်ဆိုတာကိုပါ။  ဒုတိယပိုင်းမှာ ကစားအား နှင့် ကစားကွက်ကောင်းခဲ့ပြီး ပွဲပြီးခါနီး မိနစ်အနည်းငယ် ကျန်တော့တဲ့အချိန်  အရေးကြီးဆုံး နဲ့ အကောင်းဆုံးအချိန်မှာ  ထောင့်ကန်ဘောကနေ တဆင့် အနိုင်ဂိုးသွင်းနိုင်လိုက်ခြင်းက  သူတို့အသင်း အောင်နိုင်ရေးအတွက် တပန်းသာသွားခြင်း ဖြစ်ပါတယ်" ဟုလည်း မော်ရင်ဟိုက သုံးသပ်ထားပါသည်။ ကျွန်တော့်အနေဖြင့် လောလောဆယ်တော့ အတွေ့အကြုံများလှသည့် ၀ါရင့်နည်းပြကြီးကို ဝေဖန်သုံးသပ် ပြစ်တင်ဖို့ အချိန်စောသေးသည်ဟု ထင်မြင်မိပါသည်။ မော်ရင်ဟို၏ ခြသေ့င်္ပြာအသင်းအနေဖြင့် ယခုအပတ် စနေမှာတော့ပရီးမီးယားလိပ် ပွဲစဉ် (၅) အဖြစ် ဖူဟမ်အသင်းကို အိမ်ကွင်း စတန်းဖို့ ဘရိတ်မှာ ဧည့်ခံကစားဖို့ရှိနေပါတယ်။ စပယ်ရှယ်ဝမ်းတစ်ယောက်အနေဖြင့်တော့ ပြောသည့်အတိုင်း လက်တွေ့ကျပြီး အောင်ပွဲခံနိုင်မည်လော၊ ဖိအားဆက်လက်တိုးမည်လောဆိုတာကိုတော့ စနေနေ့ညမှာ ထပ်မံစောင့်ကြည့်ရပေ အုံးတော့မည် ဖြစ်သည်။
 
Written by မိုးတိမ် 
FOOTBALL CAFE
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers