Friday, September 20, 2013

မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင် ရရှိ

 
ရန်ကုန် ၊ စက်တင်ဘာ ၁၉။ ။ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ် သူ ဦးနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။

တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် ဦးနေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က ''ဦးနေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။ လက်ရှိတွင် တင်ဒါအောင် မြင်သွားသည့် ဝင်းသူဇာအရောင်း ဆိုင် ၂ရဆိုင်တွင် မြစ်ကြီးနားရှိ ဝင်းသူဇာအရောင်းဆိုင်မှာ တစ် လလျှင် ငှားရမ်းခ ကျပ်သိန်း၁၆၀ ကျော်ဖြင့်လေလံအောင်မြင်ခဲ့ ကြောင်း ဖော်ပြ ထား သည်။
 ယင်းမရမ်းကုန်းမြို့နယ်မှ ၀င်းသူဇာအရောင်းဆိုင်ကို အဆိုပြုလွှာတင်သူ ခြောက်ဦးရှိပြီး နောက်ဆုံးအဆင့်
အနေဖြင့် သုံးဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။ ယင်းနောက်ဆုံးအဆင့် သုံးဦးတွင် ဦးမောင်မောင်ထွေးနှင့်
 ဦးနိုင်ဝင်းတို့မှာ လေလံဈေးပေးမှုမှာ ဦးနေရွှေသွေးအောင်ထက် နည်းပါးနေခြင်းကြောင့် လေလံ အောင်မြင်ခြင်း
မရှိဘဲ အများဆုံး လေလံဈေး ပေးခဲ့သည့် ဦးနေရွှေသွေးအောင်မှာ လေလံရရှိခဲ့ပြီး ယင်းနေရာတွင်
စူပါမားကတ်ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ၀င်းသူဇာ အရောင်းဆိုင်များအား စားသောက်ဆိုင်များနှင့် ဆက်နွယ်သည့်
လုပ်ငန်းများ လုပ်ကိုင်ခွင့် မပြုကြောင်း၊ အဆောက်အအုံကိုလည်း ပုံစံမျက်စေရန်နှင့် အဆောက်အအုံ
အတွင်းပိုင်း ပြင်ဆင်မှုများအား ပြုလုပ်နိုင်ပြီး ဆိုင်အမည်များကိုလည်း လေလံအောင်သူ စိတ်ကြိုက်
ပေးနိုင်ကြောင်း စက်မှုညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ရန်ကုန်တိုင်းမ်နေ့စဉ်တသင်းစာသို့ ပြောကြားသည်။ တင်ဒါအောင်သူများသည် သက်ဆိုင်ရာ ၀င်းသူဇာအရောင်းဆိုင်များလွဲပြောင်းခြင်းကို
အောက်တိုဘာလ ၁ ရက်နေ့ထား၍ စာချုပ်ချုပ်ဆို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၁၄ ခုနှစ်အကုန်တွင် အငှားသက်တမ်းပြည့်မည့် ၀င်းသူဇာအရောင်းဆိုင် ၁၃ ဆိုင်ကိုလည်း
ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ထပ်မံလေလံပစ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အောင်သူ(ဒေးဒရဲ)
 

0 Comment Box:

Post a Comment


 

Comment Box

Followers