Friday, September 20, 2013

န၀တ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ကြံ့ခိုင်ရေး ဗဟိုသင်တန်း ကျောင်းအုပ်ကြီးဟောင်း သာသနာ့မြေကို မိမိသဘောဖြင့် လွှဲပြောင်း

 
ရန်ကုန်၊ စက်တင်ဘာ ၁၈
၁၉၈၈၊ စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်မှ အာဏာ သိမ်းပြီးနောက် စစ်အစိုးရ (န၀တ) ၏  သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့ပြီး ဗဟို ပြည်သူ့ ဆက်ဆံရေး တပ်မှူး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ဗဟိုသင်တန်း ကျောင်းအုပ်ကြီး တာဝန် များကို ထမ်းဆောင် ခဲ့သည့် ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) အောင်ကျည်ထွဏ်းသည် ရန်ကုန်မြို့၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေနံ့သာ စံပြ ကျေးရွာ အုပ်စု၊ လေးထောင့် ကန်ရှိ ရွှေပေါ်ကျွန်း သာသနာပြု စခန်းခွဲ မြေနေရာအား စေတနာရှင်များက ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီး ကို လှူဒါန်း ထားပြီး ဖြစ်ပါလျက် မိမိ၏ သဘောဖြင့် မင်္ဂလာဒုံမြို့နယ်၊ မြရတနာ မြို့သစ် ဆရာတော်ဘဒ္ဒန္တ ပညာ စက္ကအား စာချုပ် လက်မှတ် ရေးထိုး၍ ၁၉၉၉ ခုနှစ်တွင် ထပ်ဆင့် လှူဒါန်း လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိ ရသည်။

၎င်း သာသနာ့ မြေကို ၁၉၉၅ ခုနှစ်တွင် ရွှေပေါ်ကျွန်း သာသနာပြု စခန်းမြေ အဖြစ် အသုံး ပြုရန် ဒုတိယ ဗိုလ်မှူးကြီး ကျော်ရှိန် (ငြိမ်း)၊ ဒုတိယ ဗိုလ်မှူးကြီး အောင်ကျည်ထွဏ်းနှင့် ဒေါ်နွဲ့ တို့က အသိ သက်သေများ ရှေ့မှောက်တွင် စာချုပ် စာတမ်းဖြင့် လှူဒါန်း ခဲ့ရာ လက်ခံသူမှာ ဒုတိယ ဗိုလ်မှူးကြီး အောင်ကျည်ထွဏ်း က ရန်ကုန်တိုင်း၊ ရွှေပေါ်ကျွန်း သာသနာပြု အကျိုးတော်ဆောင် ဥက္ကဋ္ဌ အနေဖြင့် လက်မှတ် ရေးထိုး ထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍  ရွှေပေါ်ကျွန်း သာသနာပြု စခန်း ဥပဌာက အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက “ အဲဒီ အချိန်မှာ ရန်ကုန်တိုင်း အကျိုးဆောင် ဥက္ကဋ္ဌ ဦးကိုကြီး၊ အတွင်းရေးမှူး ဦးမြင့်ဦး ဖြစ်ပါတယ်။ ဆရာတော် ဘုရားကြီး ရန်ကုန်ကို ကြွတဲ့ အချိန်မှာ ဗိုလ်မှူးကြီး အောင်ကျည်ထွဏ်း က သူ့တပ် (ဗဟို ပြည်သူ့ ဆက်ဆံရေးတပ်) ထဲကို ခေါ်ပြီး ခင်ဗျားတို့ ရန်ကုန်တိုင်း အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးတွေ ဆိုတဲ့ ရာထူးတွေ မရှိသင့်ဘူး ပြောပါတယ်။ အဲဒီ အချိန်က သူက အာဏာ ရှိနေတော့ ကျွန်တော်တို့ ကလည်း ဗိုလ်မှူးကြီး သဘော ပါပဲလို့ ပြောခဲ့ ပါတယ်။ မကြာမီ ဆရာတော် ဘုရားကြီးက ကျွန်တော် တို့ကို ခေါ်ပြီး မင်းတို့ ရန်ကုန်တိုင်း အကျိုးဆောင် အဖွဲ့ကို ကနေ့က စပြီး ရန်ကုန်တိုင်း ဥပဌ မ္ဘက အဖွဲ့လို့ ပြောင်းခေါ် ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်ပါ မိန့်တယ်။ အဲဒီအချိန်က စပြီး ရွှေပေါ်ကျွန်း ဆရာတော် ဘုရားကြီးက ကျွန်တော်တို့ ရန်ကုန်တိုင်း အဖွဲ့ကို နှစ်စဉ် တော်သလင်း လပြည့်တိုင်း ကံထပ် အလှူ လက်ခံခဲ့တာ ယခုတိုင် အထိ ဖြစ်ပါတယ် ” ဟု ပြောသည်။

မင်္ဂလာဒုံ မြို့နယ်၊ သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ အောင်ပေါ်ဦး စာသင်တိုက် ဆရာတော်က “ ရွှေပေါ်ကျွန်း ဆရာတော် ဘုရားကြီးကို လှူထားတဲ့ မြေကို တပည့်က အဲဒီလို မိမိ သဘောနဲ့ လက်မှတ်ရေးထိုး လွှဲပြောင်းရင် အလှူ မမြောက် ဘူးလို့ တိုင်းသံဃနာယက ဆရာတော်နဲ့ တွေ့တော့ မိန့်ကြားတာ သိလိုက်တယ်။ ဒါ စာနဲ့ ထုတ်ပြန်တာ မဟုတ်ပါဘူး ” ဟု မြန်မာသံတော်ဆင့်သို့ မိန့် ကြားသည်။

  မြန်မာသံတော်ဆင့်


0 Comment Box:

Post a Comment


 

Comment Box

Followers