Monday, September 30, 2013

မသင်္ကာသူအား စစ်ဆေးရာမှ ခိုးမှုများပေါ်


 
၂၇.၈.၂၀၁၃ရက်နေ့ ၁၁၀၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊
ရွှေပေါက္ကံမြို့သစ်နေ ဦးညွန့်ဝေသည် နေအိမ်တံခါးများပိတ်ပြီး မိသားစုနှင့်အတူအိပ်ယာဝင်ခဲ့ရာမှ ၂၈.၈.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် အိပ်ယာမှနိုးစဉ် နေအိမ်အောက်ထပ်ရှိ ဆိုဖာပေါ်၌ထားသော Huawei အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံးနှင့် အိတ်ဖြင့်ထည့်ထားသည့် ငွေကျပ် (၁၅)သိန်း၊ စုစုပေါင်းတန်းဘိုး ငွေကျပ်(၁၅၇၈၀၀၀)မှာ
ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်
တိုင်တန်းခဲ့၍ ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)၁၅၇/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ
ရွှေပေါက္ကံမြို့သစ်၊ (၁၂)ရပ်ကွက်နေ နေသူရိန်(ခ)ကျန်ကျောင်း(ခ)မဲကြီး၊ (ဘ)ဦးသန်းအောင်အား မသင်္ကာဖွယ် သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးရာမှ အဆိုပါအမှုအား ၎င်းကျူးလွန်ထားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုမှသက်သေခံငွေများနှင့်ဝယ်ယူထားသည့် ပစ္စည်းများအား ပြန်လည်သိမ်းဆည်းကာ ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

၎င်းအား အခြားခိုးမှုများဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလအတွင်း ညအချိန်တွင် ရွှေပေါက္ကံမြို့သစ်၊ ပုဂံလမ်းရှိ နေအိမ်တစ်အိမ်မှ E-XUNစာတမ်းပါဖုန်းအထိုင်စက်(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရွှေပေါက္ကံနယ်မြေရဲစခန်း (ပ)၁၇၈/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း၊ ရွှေပေါက္ကံမြို့သစ်၊ အ.လ.က(၄၈)ကျောင်း၏နောက်လမ်းရှိ နေအိမ်တစ်အိမ်မှ
SAMSUNGနှင့် NOKIA အမျိုးအစားဖုန်းဟမ်းဆက်တို့အား
ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရွှေပေါက္ကံနယ်မြေရဲစခန်း
(ပ)၁၇၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့်လည်းကောင်း ထပ်မံအရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


                                                                                           Yangon Police



0 Comment Box:

Post a Comment


 

Comment Box

Followers