Monday, September 30, 2013

ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၌ ထားရှိမည့် အိုလံပစ်မီးရှူးတိုင် ထွန်းညှိသယ်ဆောင်ပွဲကျင်းပ

http://www.khitlunge.org.mm/UploadImages/oly.jpg

၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံ ဆိုချီမြို့၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွင် ထားရှိမည့် အိုလံပစ် မီးရှူးတိုင် ထွန်းညှိပွဲအခမ်းအနားကို ဂရိနိုင်ငံတွင် စက်တင်ဘာ ၂၉ ရက်နေ့က တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယင်းမီးရှူးတိုင် ထွန်းညှိပွဲ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘာ့ခ်ျက ရုရှားနိုင်ငံအနေဖြင့် အားကစားပြိုင်ပွဲများ၏ တန်ဖိုးကို ထိန်းသိမ်းသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

 ယင်းမီးရှူးတိုင်သည် ချစ်ကြည်ရင်းနှီးမှု၊ ထူးခြားပြောင်မြောက်မှုနှင့် အလေးအနက်ထားရဆုံးသော သင်္ကေတဖြစ်ပြီး ယင်းအတွက် မည်သည့် ခွဲခြားဆက်ဆံခြင်းမျှ မရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ဆိုချီမြို့သို့ သယ်ဆောင်သွားမည့် အိုလံပစ် မီးရှူးတိုင်သည် အိုလံပစ်ပြိုင်ပွဲ ပထမဆုံးသော မီးရှူးတိုင်မှ မီးတောက်များကို ကူးယူထွန်းညှိကာ ရုရှားလူမျိုး ရေခဲပြင် ဟော်ကီအားကစားသမား အက်လက်ခန်ဒရာဟော့ဗ်ရှက်ကင်က စတင်သယ်ယူသွားခြင်း ဖြစ်သည်။ 

ယင်းအိုလံပစ် မီးရှူးတိုင်သည် ဆောင်းရာသီ အိုလံပစ် အားကားပွဲတော် မစတင်မီ ၁၂၃ ရက်အတွင်း ခရီးတာကီလိုမီတာ ၆၅၀၀၀ (မိုင် ၄၀၀၀၀)ခန့်ကို သယ်ဆောင်သွားမည်ဖြစ်သည်။ ၄င်းမီးရှူးတိုင်သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ အောက်တိုဘာ ၆ ရက်တွင် ရောက်ရှိမည်ဟု မျှော်လင့်ရပြီး ရုရှားနိုင်ငံအတွင်း၌ မီးရှူးတိုင် သယ်ယူသူပေါင်း ၁၄၀၀၀ ကျော်တို့က လက်ဆင့်ကမ်း သယ်ယူကြမည်ဟု ဆိုသည်။

                                                                                                             (ဘီဘီစီ)
                                                                                                             ခေတ်လူငယ် 



0 Comment Box:

Post a Comment


 

Comment Box

Followers