Friday, September 20, 2013

ဦးဌေးမြင့်၏ ယုဇနပလာဇာတွင် နာနာဘာဝ ပူးကပ်



ရန်ကုန်၊စက်တင်ဘာ ၁၉
ကြံ့ခိုင်ရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇန ပလာဇာ (၇)ထပ်၌ ရုံးခန်း ပြောင်းရွှေ့ရန်အတွက် အန္တရာယ်ကင်း ပဋ္ဌာန်း(၅)ရက်ရွတ်ရာ နောက်ဆုံးရက်တွင် တရားနာလာသူများထဲမှ ယုဇနပလာဇာ ၀န်ထမ်း အမျိုးသမီးတစ်ဦးအား မကောင်းဆိုးဝါး (နာနာဘာဝ) ပူးကပ်ခဲ့သည်ဟု ယုဇနပလာဇာ ပတ်ဝန်းကျင် အနီးမှ လူများထံမှ သိရပြီး အဆိုပါ အကြောင်းအရာများသည် အင်တာနက် စာမျက်နှာ များပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

စက်တင်ဘာ (၁၂)ရက်မှစ၍ (၁၆)ရက်အထိ ငါးရက်ကြာ အန္တရာယ်ကင်း ပဋ္ဌာန်းရွတ်ခဲ့ပြီး နောက်ဆုံးရက်တွင် ၀န်ထမ်း အမျိုးသမီးတစ်ဦးအား ပူးကပ်ခြင်းဖြစ်ကြောင်း၊ ယုဇနပလာဇာ(၇)ထပ်တွင် ဆိုင်ခန်းများမရှိဘဲ ၀န်ထမ်းများ နေရန်သာ စီစဉ်ထားကြောင်း ထို(၇)ထပ်သည် တာဝန်ရှိသူများမှအပ မည်သူ တစ်ဦးတစ်ယောက် မျှ တက်ခွင့် မရှိကြောင်း၊… ““အပူးခံရတဲ့ အစ်မကြီးက လုပ်သက်လည်း တော်တော်ကြာနေပြီ။ အန်တီတို့လည်း ပူးတယ်လို့ပဲသိတာ။ တခြား ခြောက်လှန့်အောင် လုပ်တာတော့ မရှိပါဘူး။ သူကလည်း ကံနိမ့်နေတဲ့အချိန်နဲ့ ကြုံသွားလို့ ဖြစ်မှာပါ။ အပြင်မှာ ပြောနေသလို သရဲခြောက်လို့ ပဋ္ဌာန်းရွတ်တာ မဟုတ်ပါဘူး။ အဲဒီနေ့ တစ်နေ့တည်းပါပဲ။ အခုလည်း ခြောက်လှန့်တာ မရှိဘူး။ အေးဆေးပါပဲ။ (၇)ထပ်မှာက ၀န်ထမ်းတွေ အိပ်ကြတာလေ”” ဟု ယုဇနပလာဇာ ၀န်ထမ်း အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

အဆိုပါ မကောင်းဆိုးဝါး ပူးကပ်ခြင်းနှင့် စပ်လျဉ်း၍ ယုဇနပလာဇာ၏ P-3 ရှိ အိမ်သာတွင် အိမ်သာတက်နေစဉ် ပူးကပ်သည် ဟုလည်းကောင်း၊ မကောင်းဆိုးဝါးသည် ထိုနေ့၌ပင် အကျွတ်တရား ရသွားပြီ ဟူ၍လည်းကောင်း၊ ထို မကောင်းဆိုးဝါးအား ယုဇနပလာဇာ (၇)လွှာတွင် အခန်းတစ်ခန်း ပေးထားသည် ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ မကောင်းဆိုးဝါး ပူးကပ်ခံရသော ၀န်ထမ်း အမျိုးသမီးအား ဒလမြို့သို့ ပြောင်းရွှေ့ ပေးလိုက်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင်း ဆင်ဆာ လွတ်လပ်ခွင့် အတန်ငယ် လျှော့ပေါ့ပြီးနောက် ရိုက်ကူးမှု များပြားလာသော စုန်း၊ သရဲ၊ တစ္ဆေ ဇာတ်ကားများ ပြည်သူလူထုအတွင်း ပျံ့နှံ့လာကာ ခေတ်နောက်ပြန်ဆွဲ အစွဲအလမ်းများကို ပိုမိုအားပေးသည့် သဘောသက်ရောက်၍ မြန်မာလူထုအတွင်း စုန်း၊ သရဲ၊ တစ္ဆေ ကိစ္စရပ်များ စိတ်ကူးယဉ် ဆန်ဆန် ပြောကြား ဖြစ်ပေါ်မှုများ ရှိလာခဲ့သည်။ ထို့ပြင် ယခုကဲ့သို့ စိတ်နယ်လွန် ကိစ္စရပ်များ၌ ဖြစ်စဉ်ထက် ပိုမိုသော သတင်းပျံ့နှံ့မှုများအပေါ် ယုံကြည်မှုများလည်း ပိုမို များပြားလာခဲ့သည်။
ဇင်မာ၊ ဧပြီဦး

0 Comment Box:

Post a Comment


 

Comment Box

Followers