Monday, September 2, 2013

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်လယ်တောရိပ်သာတွင် တွေ့ဆုံ

 
 
ရန်ကုန်-
နိုင်ငံတော်သမ္မဦးတ သိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက သမ္မတ၏လယ်တောရိပ်သာတွင် တွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က အတည်ပြုပြောသည်။

“ဆွေးနွေးမှုအသေးစိတ်ကို တော့ မထုတ်ပြန်ပါဘူး” ဟု ဦးဖြိုးဇေယျာသော်ကပြောကြားသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံ စာမထွက်မီ ဖေဖော်ဝါရီလကုန်ပိုင်းက နောက်ဆုံးတွေ့ဆုံထားပြီး နှစ်ဦးချင်းသီးသန့်တွေ့ဆုံမှုမှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ကြောင်း ၎င်းကပြောသည်။ “တွေ့ဆုံမှုက နှစ်ဦးတည်း သီးသန့်ဖြစ်ပါတယ်။ ယခုလောလောဆယ်မှာ လွှတ်တော်နားထားပေမယ့် အန်တီကအလုပ် တွေမပြီးပြတ်သေးတဲ့အတွက် နေပြည်တော်ကအိမ်မှာပဲ ဆက်နေနေဦးမှာပါ။ ပြီးမှရန်ကုန်ပြန်ဆင်းဖို့ ရှိပါတယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ယခုတွေ့ဆုံမှုအသေးစိတ်ကို သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားထားပြီး သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ၎င်းအနေဖြင့်ပင် တွေ့ဆုံမှုကို ကြိုတင်သိရှိထားခြင်းမရှိကြောင်း ပြောကြားသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရသစ်တက်ပြီး ၂၀၁၂ အတွင်း သမ္မတအိမ်တော်တွင် ပထမဆုံးအကြိမ် နှစ်ဦးတည်းသီးသန့်တွေ့ဆုံခဲ့သည်။ ထို့ပြင်ယခုနှစ်အတွင်း မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ယခုတွေ့ဆုံနှင့် ပတ်သက်၍အသေးစိတ်မထုတ်ပြန်သော်လည်း လတ်တလောတိုင်းပြည်အတွင်း ကြုံတွေ့နေရသည့် အကြမ်းဖက် မှုဖြစ်စဉ်များ၊ လယ်ယာမြေကိစ္စနှင့်ပြုပြင်ပြောင်းလဲရေးကိစ္စများ ဆွေးနွေးဖွယ်ရှိကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ခန့်မှန်းပြောသည်။
7Day News Journal
 

0 Comment Box:

Post a Comment


 

Comment Box

Followers