Monday, September 30, 2013

ဇာတ်လမ်းကို တအားကြိုက်လို့ နတ်ကတော် လုပ်ဖြစ်သွားတဲ့ ပြေတီဦး


 
သရုပ်ဆောင် ပြေတီဦးက လတ်တလောမှာ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးတဲ့ ဇာတ်ကားမှာ စိုးမြတ်သူဇာ၊ အိချောပို တို့နဲ့ အတူပါဝင်ထားပြီး နတ်ကတော် ပုံစံနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီလိုသရုပ်ဆောင်မှုက ပထမဆုံးလို့ ပြောပြတဲ့ ပြေတီဦးက “ ဒီကားမှာ နတ်ကတော် လုပ်ရတာ ဘ၀မှာ ပထမဆုံး လုပ်တာပဲ။ ဇာတ်လမ်းအရပါ။ အမှန်က ဒီလို နတ်ကတော်ပုံစံကို မရိုက်ချင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်နဲ့ မလိုက်ဘူးလို့ ထင်တယ်။ နတ်တွေကလည်း မကဖူးဘူးလေ။ ဒီဇာတ်ရုပ်က ကိုယ်ရှောင်တဲ့ အထဲမှာပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကို တအား ကြိုက်သွားတာရော၊ ဒီဇာတ်က နတ်ကတော် လုပ်မှကိုပဲ ကောင်းမှာ ဆိုတာရော ကြောင့် ရိုက်ဖြစ်တာ။ အမေရဲ စိတ်ကြိုက် လုပ်ရတာပေါ့။ ဒါပေမယ့် ရိုက်တဲ့အချိန်မှာ စိုးရိမ် ကြောင့်ကြတာတွေ မရှိဘူး။ ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ စိတ်ပဲ ရှိတယ်။ ပရိသတ်တွေ အတွက် တက်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။

                                                                                                    Friday(Malay)
                                                                                                    Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers