Thursday, September 19, 2013

ရော်နယ်လ်ဒိုနှင့်ယှဉ်လျှင် မိမိသည် ပညာသင်အဆင့်သာရှိကြောင်း ဘေးလ်ဝန်ခံ

မိမိသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် နှိုင်းယှဉ်လျှင် ပညာသင် အဆင့်သာ ရှိသေးကြောင်း ဂါရတ်သ်ဘေးလ်က ဝန်ခံ ပြောကြားလိုက်
သည်။ နွေရာသီ ဈေးကွက်ပိတ်ရက်တွင် တော့တင်ဟမ် ဟော့စပါးမှ ရီးယဲလ်မက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၈၆)သန်းဖြင့် ပြောင်းရွှေ့လာသည့် ဝေလ လက်ရွေးစင် တောင်ပံတိုက်စစ်
သမားက ရော်နယ်လ်ဒိုကို အတုယူကာ လေ့ကျင့်သင်ယူသွားလိုကြောင်း ဖွင့်ဟခဲ့သည်။

အသက်(၂၄)နှစ်ရှိ ဘေးလ်ကဘာနေဗျူးတွင် ရော်နယ်လ်ဒိုနှင့် အတူတွဲ
ကစားရခြင်းအပြင် နည်းပြ ကာလိုအန်ဆလော့တီ၊ အားကစား ဒါရိုက်တာ ဇနီဒင်းဇီဒန်းတို့၏ ပံ့ပိုးမှုများကြောင့် ပိုမိုတိုးတက်လာရန် မျှော်လင့်ကြောင်း
လည်း ဆိုသည်။ ၎င်းသည် ရီးယဲလ်တွင် လာလီဂါ(၁)ပွဲနှင့် ချန်ပီယံလိဂ် (၁)ပွဲ ပါဝင်ကစားထားပြီး ဖြစ်သည်။

ဘေးလ်က "ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး ကစားသမား
မျိုးပါ။ သူနဲ့တွဲပြီး လေ့ကျင့်ခွင့် ရတယ်ဆိုတာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ် ရှိပါတယ်။ အကောင်းဆုံး ကစားသမားဆီက ကျွန်တော် သင်ယူရမှာ ဖြစ်ပါတယ်။ ဘောလုံးနဲ့ ပတ်သက်ရင် လူတိုင်းမှာ ကိုယ်ပိုင်အမြင်ဆိုတာ ရှိမှာပါ။ ကျွန်တော့်အတွက်ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားဟာ ရော်နယ်လ်ဒိုပါပဲ"ဟု ပြောကြားခဲ့သည်။ ၎င်းက "ရီးယဲလ်မှာ ထူးချွန်တဲ့ နည်းပြတစ်ယောက်နဲ့ နည်းစနစ် အဖွဲ့တို့လည်း ရှိနေတယ်။ ဒါကြောင့် ကျွန်တော်ဟာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာကို ယုံကြည်ပြီးသားပါ။ ပြီးတော့ ဇီဒန်းလို ပုဂ္ဂိုလ်ဆီက အကြံဉာဏ်ကောင်းတွေ ရယူနိုင်မယ် ထင်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

Planet Myanmar Network


0 Comment Box:

Post a Comment


 

Comment Box

Followers