Wednesday, September 18, 2013

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ ဓာတ်ပုံသတ်မှတ်ပေးထားသူနှင့်သာ ရိုက်ကူးနေရ

 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာဓာတ်ပုံများကို ပြင်ပဓာတ်ပုံဆိုင်မှ ရိုက်ကူးဓာတ်ပုံများအား ခွင့်မပြု ဘဲ ကျောင်းတွင်ရိုက်ကူးထားသော ဓာတ်ပုံများသာ လက်ခံကြောင်း သိရသည်။

"သမီးတစ်ယောက်က ဆယ်တန်းတက်နေတာပါ။ ဆယ်တန်းဖြေဖို့အတန်းတက်နေတာပါ။ ဆယ်တန်း ဖြေဖို့အတွက် လျှောက်လွှာတင်ဖို့ လိုင်စင်ဓာတ်ပုံကို ကျောင်းမှာပဲရိုက်ရတယ်။ အပြင်ကရော၊ အိမ်က ပါ ရိုက်ပေးလို့မရဘူး။ ကလေးတွေက အပြင်ကရိုက်လာတဲ့ဓာတ်ပုံကို ဘောင်မဝင်ဘူးလို့ပြောတယ်။ သူတို့စည်းကမ်းချက်နဲ့ညီအောင် ရိုက်မယ်ဆိုလဲ လက်မခံဘူး။ ကျောင်းမှာပဲရိုက်မယ်ဆိုတော့ တစ်မျိုး ကြီးဖြစ်နေတယ်" ဟု ကျောင်းသူတစ်ဦး၏ မိဘကပြောသည်။

ဟင်္သာတမြို့နယ်တွင် အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ အတွက် ကျောင်းသား၊ ကျောင်းသူများအားဓာတ်ပုံရိုက်ကူးမှုတွင် ပတ်စ်ပို့ဓာတ်ပုံလေးပုံကို ငွေကျပ် ၁၀၀၀၊ ငွေကျပ် ၇၀၀ ဈေးနှုန်းအသီးသီးသတ်မှတ်၍ နီးစပ်ရာဓာတ်ပုံရိုက်ကူးသူနှင့် ပညာရေးဝန်ထမ်း များမှ ကျောင်း၌သာရိုက်ကူးစေခြင်းဖြစ်ကြောင်း သိရသည်။

"ကျောင်းသားတွေက ကိုယ်ကြိုက်တဲ့ဆိုင်မှာ ကြိုက်တဲ့ဈေးနှုန်းနဲ့ ဓာတ်ပုံရိုက်ပိုင်ခွင့်မရှိဘူးဖြစ်နေ တယ်။ မြန်မာနိုင်ငံစာစစ်ဌာနကလဲ ဒီလိုတော့ ညွှန်ကြားထားမယ်မထင်ပါဘူး။ သူတို့ဌာနရဲ့ သတ်မှတ် ချက်ပြည့်စုံရင် လက်ခံရမှာပေါ့။ အခုဟာက သူတို့ရိုက်ခိုင်းတဲ့သူမှ ဖြစ်မယ့်ပုံရှိနေတယ်။ ဒီလိုမျိုးကန့် သတ်ချက်တွေနဲ့ လုပ်တာတော့ မဖြစ်သင့်ပါဘူး။ တရားဝင်လိုင်စင်ရယူပြီး လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခု ပါ" ဟု ပါဝါဓာတ်ပုံဆိုင်မှ ဦးထိုက်ဦးက ပြောသည်။

လျှောက်လွှာအတွက် ပတ်စ်ပို့ဓာတ်ပုံရိုက်ကူးရန် မြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်းတချို့၌ ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာ ၉ ရက်တွင် ချိန်းဆိုထားမှုများရှိနေကြောင်း ကျောင်း သားမိဘအချို့ထံက သိရသည်။
The Flower News
Vol.9, No.36, SEP.17-23, 2013
 Ref: မောက္ခ



0 Comment Box:

Post a Comment


 

Comment Box

Followers