Monday, September 16, 2013

ဒုစရိုက်ဂိုဏ်း တိုက်ပွဲများကြောင့် အသတ်ခံရသူ ခြောက်နှစ်သမီး အတွက်ရက် (ပ်)ပါ စနုဒေါ့ ငွေလှူ

ဒုစရိုက်ဂိုဏ်းများ အပြန်အလှန် ပစ်ခတ်ကြတဲ့အထဲ ကြားညပ် သွားတယ်လို့ ယူဆကြတဲ့ ခြောက်နှစ်သမီးလေး သေဆုံးမှုကို အမေရိကန် နာမည်ကျော် ရက် (ပ်) အဆိုကျော် စနုဒေါ့က ပမာဏ အတိအကျ မသိရတဲ့ ထောက်ပံ့ငွေကြေး လှူဒါန်းပေးခဲ့တယ်လို့ သူကိုယ်တိုင် ပြောကြားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ရေးသား ထားပါတယ်။

လော့အိန်ဂျလိစ် အရှေ့ပိုင်းမှာ သူ့ဖခင်နဲ့အတူ သေဆုံး ခဲ့ရတဲ့ ခြောက်နှစ်သမီး တီယာနာရစ်ခ်စ် အဖြစ်အပျက်ဟာ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့ လိုနေတာကို ထောက်ပြနေတယ်လို့ အသက် ၄၁ နှစ်အရွယ် စနုဒေါ့က ပြောကြားခဲ့ပါသေးတယ်။ အသက် ၂၆ နှစ်အရွယ် အဖေနဲ့ ခြောက်နှစ် သမီးလေးတို့ လမ်းလျှောက် နေစဉ်မှာ မျက်နှာချင်း ဆိုင်က လာတဲ့ လူနှစ်ယောက်က ပစ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီလူသတ်မှုဟာ လက်နက်ကိုင် ဂိုဏ်းတွေနဲ့ ပတ်သက်နေ တယ်လို့ ရဲက အတည်ပြုပေး ထားပါတယ်။ “ကလေး မလေးဟာ သေနတ်နဲ့ ပစ်သတ်မခံရ ထိုက်ပါဘူး။ ဒါပေမဲ့ ဒါမျိုးတွေ ဖြစ်နေပါတယ်” လို့ ရက် (ပ်) အဆိုကျော်ကြီးက ဝမ်းနည်းစကား ပြောကြားသွားခဲ့ပါတယ်။

The Voice Weekly



0 Comment Box:

Post a Comment


 

Comment Box

Followers