Saturday, September 14, 2013

ချစ်သူများနေ့မှာ သီချင်းခွေအသစ် ထုတ်မယ့် စည်သူလွင်


သီချင်းအသစ်တွေဆိုမပေးနိုင်လို့ သူ့ရဲ့ပရိသတ်တွေအပေါ် တာဝန်မကျေဘူးလို့ ခံစားနေရတဲ့ စည်သူလွင်က အခုဆိုရင် သီချင်းခွေ အသစ် ထုတ်ဖို့စီစဉ်နေပါပြီ။ ဒီသီချင်းခွေကို ပရိသတ်တွေ စိတ်ဝင်စားစေဖို့ စည်သူလွင်က Valentine Day မှာ ထွက်ဖြစ်မယ်လို့လည်း အသိပေးထားပါတယ်။

သီချင်းခွေ အသစ်နဲ့ ပတ်သက်ပြီး “ အခု ကျွန်တော် သီချင်းတွေ စစုပြီး ပရိသတ်တွေအတွက် အခွေထုတ်ဖို့ လုပ်နေပါပြီ။ အခွေထဲမှာ စုံတွဲသီချင်းက တစ်ဝက်၊ ကျွန်တော် တစ်ကိုယ်တော်သီချင်းက တစ်ဝက်ပါမယ်။ ချစ်သူများနေ့မှာ ထွက်ဖြစ်မယ့် ကျွန်တော့် သီချင်းခွေ အတွက် အချစ်သီချင်းတွေနဲ့ ပေါ့ပ် သီချင်းလေးတွေကိုပဲ အများဆုံးထည့်ဖို့ လုပ်ထားပါတယ်။ သီချင်းအသစ်တွေကို ကျွန်တော့်ပရိသတ်တွေ နားမထောင်ရတာ ကြာပြီဖြစ်တဲ့အတွက် ဒီလိုသီချင်းခွေလေး ပြန်လုပ်တာပါ။ သီချင်းခွေ မထွက်ဖြစ်တာကလည်း ခိုးကူးခွေတွေကြောင့်ပါ။ ကိုယ့်ရဲ့ ဥာဏ်စွမ်းအားနဲ့ လုပ်ထားတဲ့ဟာကို ကိုယ်က မခံစားရဘဲ သူများခံစားသွားတာက မဖြစ်သင့်ဘူးလေ။ အဲဒါကို စိတ်ပျက်ပြီး အခွေမလုပ်ဖြစ်တာ ကြားသွားတယ်။ ပရိသတ်နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ ဒါပေမယ့် ပရိသတ်က ကိုယ့်ရဲ့ သီချင်းဟောင်းလေးတွေကို နားထောင်နေကြတယ်။ အဲဒီတော့ ကိုယ်က တာဝန်မကျေသလို ခံစားရတယ်။ အရင်တုန်းက ပေါ့ပ် သီချင်းတွေ ဆိုပေမယ့် ပရိသတ်လက်မခံလို့ မဆိုခဲ့ရဘူး။အခုတော့ ပရိသတ်တွေ လက်ခံအားပေးနေပြီဖြစ်လို့ ကိုယ်လည်း ပေါ့ပ် သီချင်းကောင်းကောင်းလေးတွေကို ဆိုသွားဦးမှာပါ” လို့ စည်သူလွင်က ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ပါတယ်။
Friday(Mlay)
Myanmar Daily News



0 Comment Box:

Post a Comment


 

Comment Box

Followers