Thursday, September 26, 2013

ထိုင်းနိုင်ငံတွင် ဘဏ်သုံးခု တစ်နေ့တည်း ဓားပြတိုက်ခံရ


ဗန်ကောက် ၊ ၂၆-၉-၂၀၁၃

ထိုင်းနိုင်ငံ ဗန်ကောက် ၊ ဆူရက်သာနီ ပြည်နယ် နှင့် ဆမက်ဆခွန် ပြည်နယ်များ အတွင်းရှိ ဘဏ်သုံးခုတွင် စက်တင်ဘာ ၂၄ ရက်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ရွှေဆိုင် တစ်ဆိုင်တွင် လည်း ဓားပြတိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဆမက်ဆခွန် ပြည်နယ် ပူအောင်ဒေသ ရှိ ကာဆီကွန်ဘဏ် ၏ဘဏ်ခွဲတွင် စက်တင်ဘာ ၂၄ ရက် နေ့လယ်က လက်နက်ကိုင် အမျိုးသား နှစ်ဦးသည် ဘတ်ငွေ ၁ ဒသမ ၃၅ သန်းကို လုယူပြီးနောက် မော်တော်
ဆိုင်ကယ်ဖြင့် ထွက်ပြေး ခဲ့ကြောင်း နှင့် ဆူရက်သာနီ ပြည်နယ်ရှိ အစိုးရ ငွေစုဘဏ်ခွဲ တစ်ခုတွင်လည်း စင်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က အမျိုးသား တစ်ဦးက ဘတ်ငွေ ရှစ်သိန်း ငါးသောင်း ကို လုယူပြီး မော်တော် ဆိုင်ကယ်ဖြင့် ထွက်ပြေး ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဗန်ကောက် ပြည်နယ် ၊ ခါလောင်ဆန် ခရိုင် သွန်ဘူရီရှိ ကာဆီကွန် ဘဏ်ခွဲ တွင်လည်း စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဘတ်ငွေ ၂၇ဝ၇၈ဝ ကို လုယက် ယူငင် သွားခဲ့ကြောင်း သိရှိရသည်။

TheMyawadyDaily


0 Comment Box:

Post a Comment


 

Comment Box

Followers