Tuesday, September 24, 2013

နွားလှည်းတွေက နွားတွေရုန်းရတယ်ဆိုတာ ကျွန်တော့်ကို မမီနိုင်ဘူးလို့ထင်ပါတယ်လို့ဆိုလာတဲ့ သူထူးစံ



အနုပညာရှင်တွေနဲ့ တွေ့ဆုံတိုင်း သူတို့ရဲ့ ဘ၀ ဖြတ်သန်းမှု၊ အနုပညာ လောက ဖြတ်သန်းမှု၊ အခက်အခဲတွေအပြင် မိသားစုဘ၀ ဖြတ်သန်းမှုတွေကို မေးခြင်းခဲ့ပြီး ယခုတစ်ခါမှာတော့ အနုပညာ လောကထဲက နာမည်ရ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သူထူးစံ နဲ့ တွေ့ဆုံခိုက် သူ့ဘ၀ ဖြတ်သန်းမှု အပိုင်းအစ တစ်ချို့ကို မေးမြန်းဖြစ်ခဲ့ရာ သူက အခုလိုပြောပြသွားခဲ့ပါတယ်။......

ငယ်ဘ၀တုန်းက အမှတ်တရ ဖြစ်ရပ်

ရှစ်တန်း၊ ကိုးတန်းလောက်တုန်းက ကိုယ်က လှချင်တာပေါ့။ အဖေက ဆံပင်ညှပ်ရင် ကိုယ်တို့ကို ရှေ့တစ်လက်မနောက်ပြောင်ပဲ ညှပ်ခိုင်းတယ်။ အဲဒီမှာ ကိုယ်က ဆံပင်ညှပ်ဆိုင်မှာ ကျွန်တော့်ကို ဆံပင်အရှည်ထားလို့ရမယ့် ပုံစံညှပ်ပေးပါလို့ ပြောပြီးညှပ်တယ်။ အဲဒီမှာ အဖေက သူညှပ်ခိုင်းတဲ့ ဆံပင်ပုံစံ မညှပ်လို့ဆိုပြီး လိုက်ရိုက်လို့ ထွက်ပြေးခဲ့ရတယ်။ ဒါနဲ့ အဖေလိုက်ရိုက်တော့ ပတ်ပြေးရင်းနဲ့ နောက်ဆုံးမှာ ဧရာဝတီထဲ ၀င်တဲ့ င၀န်မြစ်က ပေ ၃၀ လောက် ရှိတဲ့နေရာကို ဒိုင်ဗင်ပိုက်ပြီး ထွက်ပြေးတယ်။ ကိုယ့်ရဲ့အဖေကလည်း ရေထဲ ဒိုင်ဗင်ပစ်ပြီး ကိုယ့်ကိုလိုက်ဖမ်းတယ်။ ရုပ်ရှင်ထဲက အတိုင်းပဲ(ရယ်လျှက်)။ အဲဒီမှာ ကိုယ့်ရဲ့ သူငယ်ချင်းက ဟိုဘက်ကမ်းမှာ လှေနဲ့ လာကြိုတယ်။အဲဒါလေးတွေက ကိုယ့်ရဲ့ အမှတ်တရ ဖြစ်ရပ်လေးပါ။ အဲဒီသူငယ်ချင်းက ဆယ်တန်းအောင်ပြီးကတည်းက သာ့သနာ့ဘောင်ကို အပြီးဝင်သွားခဲ့တယ်။

နွားတွေတောင် ကိုယ့်ကိုမမီအောင် ရုန်းကန်ခဲ့ရတဲ့ အချိန်

ကိုယ်ဆယ်တန်းအောင်တော့ ရန်ကုန်တက်လာပြီး အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ခဲ့ရတယ်။ အဲဒီလို လုပ်နေရင်းနဲ့မှ ဒီအနုပညာလောကကို စိတ်ဝင်စားလို့ ၀င်ဖို့က ကိုယ့်မှာ အနုပညာလောကနဲ့ ပတ်သက်ပြီး အဆက်အသွယ်လည်းမရှိ၊ ပိုက်ဆံလည်းမရှိ၊ ဆွေမျိုးလည်းမရှိနဲ့ ကိုယ့်မှာ မရှိခြင်းတွေ အကုန်လုံး ပြည့်စုံနေခဲ့တယ်။ တော်တော်လေး ကြိုးစားပြီး ရုန်ကန်ခဲ့ရတယ်။ နွားလှည်းက နွားတွေရုန်းတယ်ဆိုတာ ကိုယ့်ကိုမမီဘူး။ အဲဒီကြိုးစားမှုတွေနဲ့အတူ အခုအချိန်မှာ ထိုက်သင့်တဲ့ အောင်မြင်မှုကို ၇ရှိနေတာပါ။

အနုပညာလောကကို စိတ်နာခဲ့တဲ့ ကာလတွေ

ရုပ်ရှင်နဲ့ ပတ်သက်ပြီး အမှတ်တရတွေကို ပြောရမယ်ဆိုရင် ရုပ်ရှင်တောင် ပြန်ရိုက်လို့ရတယ်။ ရုပ်ရှင်နဲ့ ပတ်သက်ရင်လည်း သည်းထိတ်ရင်ဖိုတွေ အများကြီးရှိခဲ့တယ်။ ပရိသတ်က ပေးတဲ့ နေရာတစ်ခုကို ရတဲ့ လူတစ်ယောက်အနေနဲ့ ဒီအနုပညာလောကကြီးကို ကျောခိုင်းထွက်သွားဖို့အထိ ဆုံးဖြတ်ခဲ့တယ်။ ဘာဖြစ်မှန်းမသိဘဲ အရမ်းစိတ်နာခဲ့ဖူးတယ်။

ဗီဒီယို စရိုက်တုန်းက အမှတ်တရ

ဗီဒီယိုစရိုက်တော့ နန္ဒာလှိုင်နဲ့ ရိုက်ရမယ်လို့လည်း ပြောရော တစ်ညလုံး အိပ်မပျော်ဘူး။ မနက်လည်းရောက်ရော ၀မ်းတွေသွားတယ်။ နန္ဒာလှိုင်ရဲ့ ရှုတင်မှာ တွေ့ပြီး ကားရိုက်မယ်ဆိုတော့ သူနဲ့ လေးပေအကွာလောက်မှာ ဒူးတွေတုန်တာ ဘယ်လိုမှ ရပ်လို့မရဘူး။ သူတို့ကလည်း ကိုယ့်ကို ဒူးတွေ ငြိမ်ငြိမ်နေပါလို့ပြောတယ်။ ကိုယ့်ဘက်ကလည်း ထိန်းလို့မရအောင် ဒူးတွေတုန်ခဲ့တယ်။ အဲဒါလေးက မှတ်မှတ်ရရပါပဲ။ မနန္ဒာလှိုင်ဆိုတာ ပရိသတ်အရမ်းအားပေးတဲ့ သူဆိုတော့ ကိုယ့်ဘက်ကပျော်ပြီး ဘယ်လိုဖြစ်မှန်းကို မသိတာ။ အဲဒါမျိုးတွေတော့ ကြုံခဲ့ရဖူးတယ်။

အမှတ်တရတွေနဲ့ ပတ်သက်ပြီး

ကိုယ်ကအမှတ်တရတွေဆိုရင် စာနဲ့လည်း ရေးထားတက်တယ်။ ဒါပေမယ့် ဘ၀နဲ့ ဆိုင်တဲ့ အမှတ်တရတွေဆိုရင် ဘယ်သူမှ မေ့မသွားတက်ကြပါဘူး။ တခြားဟာတွေကို မေ့ပစ်နိုင်တယ်။ အနုပညာနဲ့ ပတ်သက်ရင် ဘယ်လိုအမှတ်တရကို မဆို မမေ့ဘူး...ဆိုပြီး ခဏတာ မေးမြန်းဖြစ်ခဲ့သမျှကို ပြောပြသွားခဲ့တာကတော့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သူထူးစံ ပဲဖြစ်ပါတယ်။

Friday(Malay)
Myanmar Daily News

 

0 Comment Box:

Post a Comment


 

Comment Box

Followers