Wednesday, September 25, 2013

တရားရုံးများ၌ အသံဖိုင်ကို သက်သေခံတင်ခွင့်မရှိခြင်း မှာ နှစ်ပေါင်းတစ်ရာကျော်နေပြီဖြစ်သော သက်သေခံ ဥပဒေကြောင့်ဟု ဦးသိန်းညွှန့်ပြောပြီ

 
တရားရုံးများ၌ အသံဖိုင်ကို သက်သေခံအဖြစ် တင်ပြခွင့်မရှိ ရခြင်းမှာ နှစ်ပေါင်းတစ်ရာကျော် နေပြီဖြစ်သော သက်သေခံဥပဒေ ကြောင့်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။

  လက်ရှိအချိန်တွင် သတင်းမီဒီယာလုပ်ငန်းများ၌ အစိုးရဌာနဆိုင်ရာများနှင့်ပတ်သက်အငြင်းပွားဖွယ် သတင်းရေး သားဖော်ပြချက်များ ဖြစ်ပေါ်နေ မှုများတွင် မီဒီယာအဖွဲ့အစည်း များက သက်သေခံအဖြစ် တင်ပြ စရာမှာ အသံဖိုင်နှင့် ဓာတ်ပုံသာ ရှိသော်လည်း တရားရုံးများတွင် ၎င်းအရာတို့ကို သက်သေခံအဖြစ် တင်သွင်းခွင့်မပြုကြောင်းသိရ သည်။  

ဓာတ်ပုံတင်ပြရာတွင် လည်း ဒီဂျစ်တယ်ဖြင့် တင်ပြ သော ဓာတ်ပုံကိုလက်မခံဘဲ ဖလင်ဖြင့်တင်ပြသော ဓာတ်ပုံ သက်သေကိုသာ အတည်ပြု ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။

 ဦးသိန်းညွှန့်က““ဒီသက်သေခံ ဥပဒေဆိုတာက ဟိုးခေတ်နှစ် ပေါင်း တစ်ရာကျော်လောက်က ပြဌာန်းထားတာ၊ အဲဒီအချိန်တုန်း က ကက်ဆက်တို့၊ ဘာတို့မပေါ် သေးဘူး။ အခုလိုနည်းပညာ ခေတ်ကြီးဖြစ်တဲ့ အင်တာနက်တို့၊ အီးမေးလ်တို့ မပေါ်သေးဘူး။ အဲဒီတုန်းကပြဌာန်းထားတဲ့ဥပဒေ ဖြစ်တဲ့အတွက် အသံဖိုင်တွေ၊ ဘာတွေဟာ ရုံးမှာသက်သေခံ အဖြစ်တင်လို့မရဘူး။ ဒါကြောင့် သက်သေခံဥပဒေကို ခေတ်နှင့် အညီ အီလက်ထရွှန်နစ်နှင့် ဆက်သွယ်ရေးဥပဒေကြမ်းမှာ ပြင်ရမှာပါ”” ဟုပြောသည်။

 ယခုအခါသတင်းရေးသားဖော်ပြ မှုများနှင့် ပတ်သက်၍မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းင်းတို့ အမှန်တကယ် ဖြေကြားခြင်းမရှိသည့် သတင်း အချက်အလက်များ ဖော်ပြခဲ့ပါ က ဥပဒေအရ အရေးယူမှု ပြု လုပ်သွားမည်ဖြစ်ကြောင်း တရား ၀င်သတင်းထုတ်ပြန်ထားခြင်း လည်းရှိကြောင်းသိရှိရသည်။

မင်းထက်သာ(မွန်ဌာနေ)
HOT NEWS
 

0 Comment Box:

Post a Comment


 

Comment Box

Followers