Tuesday, September 24, 2013

ကွာရှင်းထားသည့်ခင်ပွန်းက သားများနှင့်လာတွေ့စဉ် (၁၁၂)သိန်းခိုးယူခဲ့ဟု ဇနီးဟောင်းက အမှုဖွင့်


စက်တင်ဘာ ၂၁ ရက် ည ၇နာရီခွဲတွင် ကွာရှင်းထားသည့် ဇနီးဟောင်း၏ နေအိမ်သို့ သားများဖြင့် တွေ့ဆုံရန် ရောက်လာခဲ့သော ခင်ပွန်းက ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာနှင့် ငွေများ ခိုးယူခဲ့သည်ဟု (၆) ရပ်ကွက် သာကေတမြို့နယ်တွင် နေထိုင်သော ဇနီးဟောင်းက ရဲစခန်းသို့ တိုင်တန်းထားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်ည ၇နာရီခွဲက၎င်း၏ သားများဖြင့် တွေ့ဆုံခဲ့စဉ် သူမက နေအိမ်နောက်ဖေးတွင် အလုပ်လုပ်နေခဲ့သည်ဟု ရဲတိုင်တန်းရာတွင် တရားလိုက ဆိုထားခဲ့သည်။
ထို့နောက် ည ၈ နာရီအချိန်တွင် နေအိမ်ရှေ့သို့ ထွက်လာရာတွင် နေအိမ်ရှေ့ခန်းရှိ ဗီရိုတံခါးမှာ ဟနေခဲ့သည်ကို တွေ့ရှိခဲ့သည်ဟုလည်း ရဲအား ပြောထားသည်။

ဗီရိုအတွင်း စစ်ဆေးရာတွင် စိန်လော့ကတ်သီးအဝိုင်းပုံတစ်ခု တန်ဖိုးသိန်း၈၀၊ စိန်လက်စွပ် အခုံးပုံတစ်ကွင်း တန်ဖိုး၂၅ သိန်း၊ ငွေငါးထောင်တန် တစ်အုပ် တန်ဖိုး ငါးသိန်း ၊ ဆင်းကတ်ပါ ဖုန်းတစ်လုံး တန်ဖိုးနှစ်သိန်း စုစုပေါင်း ကျပ်၁၁၂သိန်းမှာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရသည်ဟု ဆိုထားသည်။
ထို့ကြောင့် သူမက ယင်း၏ ကွာရှင်းထားသော လင်ယောကျာ်းဖြစ်သူ အသက်(၄၀)နှစ်အရွယ် ခင်ပွန်းဟောင်းအား ပစ္စည်းများ ခိုးယူသူအဖြစ် စွပ်စွဲ တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၅၃၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၈၀ ဖြင့် တရားစွဲတင်မည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

မဇ္ဈိမသတင်းဌာန



0 Comment Box:

Post a Comment


 

Comment Box

Followers