Wednesday, September 18, 2013

ရန်ကုန် လမ်း (၄၀)၊ (၈) လွှာမှ ချင်းအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး



၂၀၁၃ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့ လမ်း (၄၀) အောက်ဘလောက်ရှိ တိုက်ခန်းတစ်ခန်း၏ (၈) လွှာမှ ချင်းအမျိုးသမီး Kim သည် ပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှ ဖြစ်သည်ဟု သိရပြီး အသက် အရွယ်အားဖြင့် (၂၀) နှစ် ၀န်းကျင်ခန့်ဖြစ်မည်ဟု ယူဆရသော Kim သည် စင်္ကာပူနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် အတွက် အဆိုပါ လမ်း (၄၀) အိမ်သို့ ရောက်ရှိနေခြင်း ဖြစ်သည် ဟု သိရသည်။

ရန်ကုန်မြို့သို့ ရောက်ရှိသည်မှာ (၁) ပတ်ကျော်ကျော်သာလျှင် ရှိသည်ဟု သိရပြီး၊ အဆိုပါ လမ်း (၄၀) အိမ်သို့ အခင်းမဖြစ်မီ တစ်ရက်အလိုကမှ ရောက်ရှိလာခြင်း ဖြစ်သည်ဟုလည်း သိရ သည်။

Kim ဟုသာ အမည်သိရှိထားပြီး၊ သူမ၏ မိသားစုဝင်များ၊ နောက်ခံများအား စုံစမ်းမှုများပြုလုပ်လျက်ရှိသည်ဟု သိရပြီး၊ အခင်းဖြစ်ပွားမှုမှာ- နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဖြစ်သည်။ ဤအမှုခင်းအား ကျောက်တံတား ရဲစခန်းမှ သေမှုသေခင်း အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ထိုနည်းတူ စက်တာဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့် တိုက် (၄) လွှာမှ အသက် (၂၅) နှစ်ဝန်းကျင် အမျိုးသားတစ်ဦးလည်း ပြုတ်ကျသေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်ဟုလည်း DVB သတင်းတွင် ဖော်ပြသည်။


 Chin World


0 Comment Box:

Post a Comment


 

Comment Box

Followers