Tuesday, October 1, 2013

ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်

“ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”
   လူကုန်ကူးမှုတိုက်ဖျက်ရေးကို တရားမ၀င် ဆင်စွယ်ရောင်းဝယ်ရေးလို၊ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလို အင်တိုက်အားတိုက်မလုပ်မချင်း၊ တိတိ ကျကျပြတ်ပြတ်သားသားမလုပ်မချင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဒီကမ္ဘာပေါ်ကပျောက်ကွယ်သွား စရာမရှိ။ လက်ရှိအခြေအနေမှာ လူကုန်ကူးမှုက ပပျောက်ဖို့နေနေသာသာ လျှော့နည်းလာခြင်းေ တာင် မရှိဘူး။ ကျနော်တို့ပဲ တစ်နေ့မဟုတ်တစ်နေ့ အပြတ်အရှင်းခံရလိမ့်မယ်။
         သတ္တ၀ါတိုင်းဟာ မိမိအသက်နဲ့မိမိဘ၀ကိုခင်တွယ်ကြတာချည်းပါ။ အတ္တသမားတွေများပြီး အတ္တ/ပရမျှတစွာနေထိုင်ကျင့်ကြံလိုသူကနည်းပါးတယ်။  မိမိလုပ်ကိုင်နေတာကို နောက်ယှက်ဖျက်ဆီးသူဟူသမျှကို ရန်သူအဖြစ်သတ်မှတ်ကြတယ်။ အာဏာ နဲ့လုပ်ပိုင်ခွင့်ရှိကြသူတွေဟာ သူတို့အခွင့်အာဏာ ကိုသုံးပြီး သူတို့ ဘ၀ကြီးပွားချမ်းသာဖို့အတွက် မသမာမှုမျိုးစုံသုံးပြီးပြုမူတတ်ကြတယ်။ ကမ္ဘာပေါ်မှာ အာဏာရှိသူနဲ့ ပူးပေါင်းပြီး မတရားစီးပွားရှာ သူဟူသမျှ အချမ်းသာဆုံးလူတွေဖြစ်ကုန်ကြတယ်။    ဒီလူတွေကိုယ်တိုင်လည်း မတရားမှန်းသိကြမှာပါ။ ဒါပေမယ့်အလုပ်ဖြစ်ကြတယ်။ မတရားမှုနဲ့လာဘ်ပေး ယူမှုတွေက ကမ္ဘာနေရာအနှံ့ မှာဖြစ်နေတယ်။ ပပျောက်အောင်ကြိုးစားနေကြတယ်ဆိုပေမယ့် အချောင်ရတဲ့ ဒီလာဘ်စားမှုကြီးတွေက ကမ္ဘာပေါ်က  ပျောက်ကွယ်ဖို့ဆိုတာ မဖြစ်နိုင်။
 “ထိုင်းနိုင်ငံအတွင်းမှာ ကျနော်တို့ကယ်တင်ထားခဲ့တဲ့ လူကုန်ကူးခံခဲ့ကြရတဲ့သုံးသုတ်ပြန်ကြတော့မယ်”
      
 
  ပထမ တစ်သုတ်က ၂၀၁၃ ဇန်န၀ါရီလ ၁ ရက်နေ့က မဟာချိုင်မှာ အင်ဒိုလှေပေါ်ကိုတင်အံ့ဆဲမြန်မာ   အလုပ်သမား ၇ဦး(မ၂+ကျား၅)ကိုပွဲစားရဲ့အခန်းထဲမှာ ပိတ်လှောင်ထားစဉ်မှာ လက်ပူးလက်ကြပ်မိခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အစိုးရရုံးတွေ အကုန် ပိတ်ထားတဲ့ ပီမိုင်(နှစ်သစ်ကူး)ကာလအချိန် ၀ိုင်းဝန်းကူညီပေး ခဲ့တဲ့ ထိုင်းအစိုးရလူကုန် ကူးမှုတိုက်ဖျက်ရေးထောက်လှမ်းရေး တပ်ဖွဲ့ DSI ကို အထူးကျေးဇူးတင်ခဲ့ရပါတယ်။
         ဒုတိယ အသုတ်က၂၀၁၃ မတ်လ ၁၀ ရက်နေ့က မလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေမှာ၆လကြာ အလုပ်လုပ်ခဲ့ ရတဲ့ ကယ်တင်သူ ၁၅ဦးထဲ၂ဦးနဲ့ တတိယအသုတ်ဖြစ်တဲ့ ၂၀၁၃ ခု ဧပြီလ၇ ရက်နေ့က ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ AHTD နဲ့ကယ်တင်ခဲ့တဲ့ ဘန်ကောက်မြို့ခေါင်ဒဲန်လှေဆိပ် က သွားရောက် ကယ်ထုတ်ခဲ့တဲ့ ပင်လယ်ထဲမှာ ၁၁ လကြာ အလုပ် လုပ်နေခဲ့ရတဲ့အလုပ်သမား၃ဦးတို့ဖြစ်ကြပါတယ်။ ဒီသုံးသုတ်ထဲက စုစုပေါင်း ၁၀ဦး  ပြန်ပို့ခံကြေ တာ့  မှာဖြစ်ပါတယ်။
           ပထမအသုတ် ဖြစ်တဲ့ မဟာချိုင်မဲခေါင်ငါးဖမ်းလှေဆိပ်က ပွဲစားအခန်းမှာ လက်ပူးလက်ကြပ်မိခဲ့ပေမယ့် ပွဲစားနဲ့ငါးဖမ်းလှေပိုင်ရှင်တွေဟာ မဟာချိုင်ရဲစခန်းကို တစ်ခေါက်သာ လာခဲ့ကြရပါတယ်။ အချုပ်လည်း မကျခဲ့ရသလို တရားရုံးကိုလည်း တစ်ကြိမ်တစ်ခေါက်မှလာစရာမလိုခဲ့ပါ။ အလုပ်သမား၇ဦးကတော့ ပထုန်ဌာနီ ကယ်ဆယ်ရေးစခန်းထဲမှာ ၉လကြာမှ ပြန်ပို့ခံရတော့တယ်။
           ဒုတိယအသုတ် ဖြစ်တဲ့၊ မတ်လ ၁၀ ရက်နေ့က ကတန်ငါးဖမ်းလှေဆိပ်မှာ ကယ်ထုတ်ခဲ့တဲ့ အလုပ် သမားတွေဆိုလည်း ယခုတိုင် ရနောင်းကယ်ဆယ်ရေးစခန်းထဲမှာ အမှုရင်ဆိုင်နေကြရဆဲဖြစ်တယ်။ အခုပြန်ရမယ့် ၂ ယောက်မှာ တစ်ဦးက HIV ရောဂါဝေဒနာသယ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပွဲစားတွေ ၀ိုင်းရိုက်သတ်လို့ ခပ်ကြောင်ကြောင်ဖြစ်သွားသူဖြစ်တယ်။ သူတို့နဲ့အတူတူရောင်း စားခံခဲ့ကြ သူ တွေကတော့ လူသတ်ဂိုဏ်းကြီးနဲ့ဆက်နွယ်နေတာကြောင့် ဘယ်တော့ပြန်ရမယ်ဆိုတာ အတိအကျပြောဖို့ အတော်ခက်ခဲပါတယ်။ ခုပြန်ရမယ့်အလုပ်သမား၂ဦးဟာ ပင်လယ်ထဲမှာ၆လနဲ့ ကယ်ဆယ်ရေးစခန်း ထဲမှာ ၆လ  စုစုပေါင်း၁နှစ် အချိန်ကုန်သွားခဲ့တယ်။
           လူသတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ဆက်နွယ်နေပြီး လူကုန်ကူမှုဂိုဏ်းခေါင်းဆောင်ကို ရာဘာတောထဲမှာ သေနတ်နဲ့ ပစ်ဖမ်းတဲ့ ဒီရာဇ၀တ်မှုကြီးမှာတောင်မှ အလုပ်သမားတွေက တရားရုံးကို ၇ကြိမ်တက်ရောက် ခဲ့ပြီး ဖြစ်ကြပေမယ့် ငါးဖမ်းလှေပိုင်ရှင်သူဌေးကတော့ တစ်ခါတစ်ခေါက်မှ  ရောက်မ လာခဲ့သေးဘူးလို့  အလုပ်သမားတွေက ပြောပြကြပါတယ်။
  
 
         တတိယအသုတ် ဖြစ်တဲ့ ဧပြီလ၇ ရက်နေ့က ကယ်ထုတ်ကြတဲ့ခေါင်ဒဲန်ငါးဖမ်းလှေဆိပ်က အလုပ်သမား ၃ ယောက်ကတော့ ငါးဖမ်းလှေပေါ်မှာ ၆လနဲ့ ပထုန်ဌာနီကယ် ဆယ်ရေး စခန်းထဲမှ ၅လ စုစုပေါင်း၁၁လအချိန်ကြာ သွားခဲ့ကြ တယ်။ လှေပိုင်ရှင်နဲ့ ထိုင်းနိုင်ငံက နာမည်ကြီး လူကုန်ကူးမှုတိုက် ဖျက် ရေးအင်ဂျီအိုအဖွဲ့က၀န်ထမ်းနဲ့ ကယ်ဆယ်ရေးစခန်းထဲက အကြီးဆုံးပုဂ္ဂိုလ်တို့ပူးပေါင်းပြီး အလုပ်သမားတစ်ယောက်ကို တစ် လ ဘတ်ငွေ ၄,၅၀၀နုန်းနဲ့ မယူမနေရ သဘောတူလက်မှတ် ထိုးခိုင်းလိုက်ကြတယ်။       တရားရုံးကို လှေပိုင်ရှင်သူဌေးတစ်ခါမှမလာခဲ့ပဲ ငါးဖမ်းလှေရဲ့ ပဲ့နင်းသာလာပါတယ်။

          တရားရုံးမှာထွက်ဆိုရတာက မိမိသဘောနဲ့မိမိလာပြီးအလုပ်လုပ်တယ်။ သူဌေးသွားခေါ် တာ မဟုတ်ဘူး။ ဗမာပွဲစားတွေလာပြီး လှေပေါ်မှာလာထည့်တာဖြစ်တယ်။ လုပ်အားခကို လာသွင်းတဲ့ ပွဲစားတွေကို လုပ်ငန်းရှင်တွေကရှင်းပြီးဖြစ်တာကြောင့် သူဌေးမှာအပြစ်မရှိဘူးဆိုပြီး ဆုံးဖြတ်ကြတယ်ဆိုပဲ။ ထိုင်းမှာကျင့် သုံးတဲ့ လူကုန်ကူးမှုဥပဒေက  ရှင်းနေတာပဲ။
            လူကုန်ကူးမှု၊ မတရားကျွန်ပြုမှုတွေကို ကျူးလွန်ကြတဲ့လူကုန်ကူးတဲ့ဂိုဏ်းအဖွဲ့တွေဟာ တစ်နာရီ တောင်မှ အချုပ်ခန်းထဲကို မ၀င်ရဘူး။  လူကုန်ကူးခံရတဲ့မြန်မာအလုပ်သမားတွေမှာကျတော့ ၀င်ငွေလည်းမရှိပဲ၊ သကြားနဲ့ချက်ထားတဲ့ ချိုအီအီထိုင်းအစားအစာတွေကိုစားပြီး တစ်ဘက်သတ် အမှုရင်ဆိုင်နေခဲ့ရပြီး အချိန်ကုန်လူပမ်းကာ နေရပ်ရင်းကိုပြန်ပို့ခံခဲ့ကြရတယ်။ အမှုကိစ္စအတွက် ကုန်သွား ခဲ့တဲ့အချိန်အတွက် နစ်နာကြေး တစ်ပြားမှ ရလေ့မရှိကြဘူး။
      
 
  ထိုင်းနိုင်ငံအလုပ်သမားဥပဒေမှာ တရားမ၀င်အလုပ်သမားတစ်ယောက်ကို ဖမ်းမိလို့ရှိ ရင် ထောင်ဒဏ် ၄၅ ရက်ချမှတ်ပြီး နယ်စပ် ကိုပြန် လည်ပို့ဆောင်တယ်။   အဲဒီတရားမ၀င်အလုပ်သမားကို ခိုင်စေတဲ့ လုပ်ငန်းရှင်ကို ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်နိုင် တယ်လို့ပြဌာန်းထားတယ်။ ဒါပေမယ့် လက်တွေ့ မှာတော့  တရားမ၀င် အလုပ်သမားတွေကိုသာ ဥပဒေအတိုင်းပြစ်ဒဏ်ချမှတ်ပြီးတော့ တရားမ၀င် ခိုင်ေ စတဲ့ ဘယ်သို့ သော ထိုင်းလုပ်ငန်းရှင်ကိုမှ ပြစ်ဒဏ်ချမှတ်ခြင်းမျိုးမကြားဖူးပါ။ မြန်မာလူမျိုးတွေ ကိုယ့်စရိတ်နဲ့ ကိုယ်လာပြီး ကျွန်ပြုခံနေကြတာ။ ဘာ့ကြောင့်ထိုင်းလုပ်ငန်းရှင်ကိုအရေးယူမတုံး။ ရှင်းနေတာ ပဲ။
      မဲဆောက်မြ၀တီနယ်စပ်ကို ရာချီတဲ့ဖမ်းဆီခံမြန်မာအလုပ်သမားတွေကို နေ့တိုင်း ထိုင်းကပြန်ပို့နေ တယ်။ ပြန်ပို့ခံရသူတိုင်း မြ၀တီကိုခြေချခွင့်  တစ်ယောက်ကို ဘတ်ငွေ ၁၅၀၀ ပေးရတယ်။ ကော့သောင်း၊ ဘုရားသုံးဆူ၊ မြ၀တီနဲ့၊ မယ်ဆိုင် နယ်စပ်မှာတာဝန်ကျတဲ့ ၀န်ထမ်းတွေဟာ လူကုန်ကူးသူတွေကို မဖမ်းချင်လို့သာလွတ်နေတာပေါ့။ ဒါကြောင့် ကျနော်တို့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို မလုပ်ပဲနေခြင်းက သာ အသက်ရှည်ရာအနာမဲ့ကြောင်းဖြစ်ချိမ့်မည်ဟု။   
                                                                                       
                                                                                    
                                                                                                ကျော်သောင်း
                                                                                                ရွှေလုပ်သား

0 Comment Box:

Post a Comment


 

Comment Box

Followers