Wednesday, October 9, 2013

သမ္မတ ဦးသိန်းစိန် အာဆီယံ စည်းဝေးပွဲ တက်ရောက်

ဘရူနိုင်းနိုင်ငံမှာ ​ဒီကနေ့ ​အောက်တိုဘာလ ​၉ ​ရက်နေ့မှာ ​စတင်မယ့် ​၂၂ ​ကြိမ်မြောက် ​အရှေ့တောင်အာရှ ​နိုင်ငံများအဖွဲ့ ​ASEAN ​ရဲ့ ​ထိပ်သီးစည်းဝေးပွဲကို ​မြန်မာသမ္မတ ​ဦးသိန်းစိန် ​ကိုယ်တိုင် ​တက်ရောက်ဖို့အတွက် ​ရောက်ရှိနေပြီ ​ဖြစ်ပါတယ်။

၂၀၁၄ ​ခုနှစ် ​အလှည့်ကျ ​ဥက္ကဋ္ဌအဖြစ် ​တာဝန်ယူမယ့် ​မြန်မာနိုင်ငံက ​ဥက္ကဋ္ဌတာဝန်ကို ​တရားဝင် ​လက်ခံရယူမယ့် ​အစီအစဉ်တရပ်လည်း ​ပါဝင်မှာ ​ဖြစ်ပါတယ်။

ဒါဟာ ​မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံ ​အဖွဲ့ဝင်ဖြစ်လာပြီး ​၁၆ ​နှစ်ကြာမှ ​အလှည့်ကျ ​ဥက္ကဌရာထူးကို ​ပထမဆုံးအကြိမ်အဖြစ် ​လက်ခံ ​ရယူတာလည်း ​ဖြစ်ပါတယ်။

အခုကျင်းပမယ့် ​အစည်းအဝေးဟာ ​အာဆီယံနိုင်ငံများ ​အကြား ​၄၆ ​နှစ်သက်တမ်းရှိတဲ့ ​ဆက်ဆံရေးကို ​ပိုမိုကောင်းမွန်ဖို့၊ ​ဒေသတွင်း ​စီးပွားရေးနဲ့ ​လုံခြုံရေး ​အစီအစဉ်တွေအတွက် ​အဓိက ​ဆွေးနွေးသွားကြမှာ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ ​နီးစပ်တဲ့ ​ဒေသတွင်းမှာ ​ပင်လယ်ရေ ​ပိုင်နက် ​အငြင်းပွားနေမှုတွေကို ​ဘယ်လို ​ကိုင်တွယ်သွားမလဲ ​ဆိုတာကိုလည်း ​အဓိကထား ​ဆွေးနွေးသွားဖို့ရှိနေပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ​ကျင်းပမယ့် ​အာဆီယံထိပ်သီးစည်းဝေးပွဲကို ​အမေရိကန်သမ္မတ ​ဘာရတ် ​အိုဘားမား ​မူလက ​တက်ရောက်ဖို့ ​စီစဉ်ထားပေမယ့်လည်း ​အမေရိကန် ​အစိုးရလုပ်ငန်းတွေ ​ရပ်ဆိုင်းသွားခဲ့တာကြောင့် ​သူ့ရဲ့ ​ခရီးစဉ်ကို ​ဖျက်လိုက်ရပါတယ်။

အမေရိကန် ​သမ္မတကိုယ်စား ​နိုင်ငံခြားရေးဝန်ကြီး ​John ​Kerry ​တက်ရောက်ဖို့ ​ရှိနေပါတယ်။

                                                                             ABC Radio Australia

- See more at: http://www.radioaustralia.net.au/burmese/2013-10-09/1202108#sthash.nmTW8tDI.dpuf

0 Comment Box:

Post a Comment

Comment Box

Followers