Saturday, October 26, 2013

၁၃ နှစ် အရွယ် ဆယ် ကျော်သက် ကို ရဲက ပစ်သတ် မှု အတွက် ဆန်တာ ရိုာဆာ ကျောင်းသား များ ဆန္ဒ ပြ

 
အင်္ဂါ နေ့  ညနေ စောင်းက ကာလီဖိုးနီးယား ပြည်နယ် ဆန်တာရိုဆာ မြို့  မှာ ကလေး ကစား တဲ့ ရိုင်ဖယ် သေနတ် ကို ကိုင်ဆောင် လာတဲ့ အသက် ၁၃ နှစ် အရွယ် Andy Lopez Cruz ကို ဆိုနိုမာ ခရိုင် ရဲ ရဲ က ပစ်သတ် ခဲ့ မှု အတွက် ဒီနေ့  ဆန် တာ ရိုဆာ မြို့  က အထက် တန်း ကျောင်းသား တွေ ဆန္ဒ ပြ ကြ ပါတယ်။

သူတို့  ဟာ အထက် တန်း ကျောင်း တွေ က နေ လူစု ပြီး မြို့  တော် ၀န် ရုံး က နေ ရဲ စခန်း ရှေ့ ထိ စီတန်း လှည့် လည် ဆန္ဒ ပြကြ တာ ဖြစ် ပြီး ပစ်သတ် ခဲ့ တဲ့ ရဲ ကို လည်း အရေး ယူပေး ဖို့  တောင်း ဆို ခဲ့ ပါတယ်။

ဆိုနိုမာ ခရိုင် ရဲ က အန်ဒီ ကိုင် လာတဲ့ သေနတ် ကို AK-47 သေနတ် ထင် ပြီး တော့ လက်နက် ချ ခိုင်း ရာ က နေ ရှစ် ချက် တိတိ ပစ်သတ် လိုက်တာ ဖြစ် ပါတယ်။

ဒီနေ့ ကျောင်းသား ၃၀၀ ကျော် လောက် ဟာ အန်ဒီ လို့  ဟစ်ကြွေးပြီး ရဲစခန်း တွေ အရှေ့ မှာ ဆန္ဒ ပြ ခဲ့ ကြတာ ဖြစ် ပါတယ်။

                                                                                       (Reuters/Robert Galbraith)

                                                                                        FNG


 

0 Comment Box:

Post a Comment


 

Comment Box

Followers