Monday, October 21, 2013

နိုင်ငံကျော်အနုပညာရှင်များနှင့် အထင်ကရပုဂ္ဂိုလ်များ၏ ပစ္စည်းများကို ဝယ်ယူနိုင်မည့် လေလံဝက်ဘ်ဆိုက် လွှင့်တင်မည်



နိုင်ငံကျော်အနုပညာရှင်များ၊ အထင်ကရပုဂ္ဂိုလ်များ၏ ပစ္စည်းများကို လေလံဝယ်ယူနိုင်မည့် ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၁၉ ရက်နေ့မှ စတင်ကာ လွှင့်တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ www.auction.net.mm ဝက်ဘ်ဆိုက်တွင် အဆိုပါ အနုပညာရှင်များ၏ အမှတ်တရ ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်း အသစ်များ၊ တစ်ပတ်ရစ်များကိုလည်း လေလံတင် ရောင်းချနိုင်မည် ဖြစ်ကြောင်း Myanmar Online Promotion Center (MOPC) မှ Founder တစ်ဦးဖြစ်သူ ကိုသူရဟန်က ပြောသည်။ 

“ဝက်ဘ်ဆိုက်ကို အသုံးပြုဖို့အတွက် အကောင့် ဖွင့်ဖို့ လိုမှာ ဖြစ်ပါတယ်။ ဘယ်အနုပညာရှင်ရဲ့ အမှတ်တရပစ္စည်းကို လေလံဆွဲမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ် စာမျက်နှာမှာ Like လုပ်ပြီး သိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ www.facebook.com/auction.net.mm တွင် Like လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 ၎င်းဝက်ဘ်ဆိုက်တွင် ပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ရာ၌ လေလံစနစ်နှင့် ကိုယ်တိုင်တိုက်ရိုက် ဝယ်ရောင်းစနစ် ဟူ၍ ခွဲခြားထားကြောင်း သိရသည်။ “ဒီဝက်ဘ်ဆိုက်ကနေ တစ်ဆင့် ပစ္စည်းတစ်ခုကို ဝယ်တယ်လို့ ပြထားပြီး တကယ့်တကယ် မဝယ်ဖြစ်ရင် အဲ့ဒီလူကို Black List စာရင်းထဲ ထည့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အရည်အသွေးကို ဦးစားပေးတဲ့ အနေနဲ့ အခုလိုမျိုး ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ကိုသူရဟန်က ဆိုသည်။ 

ဝက်ဘ်ဆိုက် အသုံးပြုသူများ အနေဖြင့် မိမိတို့ ရောင်းချလိုသော ပစ္စည်းများကို ဝက်ဘ်ဆိုက်၏ အခမဲ့ကြော်ငြာ ကဏ္ဍတွင် ကိုယ်တိုင်တင်ကာ ရောင်းချနိုင်ကြောင်း သိရသည်။ နည်းပညာနှင့် ဗဟုသုတ ရရှိစေရန်အတွက် New & Articles ကဏ္ဍကို ထည့်သွင်းထားပြီး အဆိုပါကဏ္ဍတွင် သုတ၊ ရသစာပေများကို ဖတ်ရှုနိုင်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အတွက်လည်း အစိုးရစီမံကိန်းများအတွက် ခေါ်ဆိုသော အိတ်ဖွင့်တင်ဒါ သတင်းများကို ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး လေလံ အရောင်းအဝယ်နှင့် အခမဲ့ အရောင်းအဝယ် ဝက်ဘ်ဆိုက် Online Auction Webportal အဖြစ် စတင်လွှင့်တင်ခြင်း ဖြစ်သည်ဟု ကိုသူရဟန်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 




0 Comment Box:

Post a Comment


 

Comment Box

Followers