Wednesday, October 16, 2013

ဖိလိပိုင်မှာ ငလျင်ကြောင့် လူ ၉၀ ကျော် သေဆုံး

filipina gempa
 ဖိလိပိုင်နိုင်ငံမှာ ၇.၁ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၉၀ ကျော်သေဆုံး (Credit: Audience Submitted) 

ဖိလိပိုင်နိုင်ငံမှာ ​ပြင်းအားကြီးတဲ့ ​မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ​လူပေါင်း ​၉၀ ​ကျော်သေဆုံးပြီးနောက် ​Cebu ​နဲ့ ​Bohol ​ပြည်နယ်မှာ ​အစိုးရက ​အရေးပေါ်အခြေအနေ ​ကြေညာထားပါတယ်။

သေဆုံးသူအများစုဟာ ​အဆောက်အဦးပြိုကျရာက ​ပိမိပြီး ​သေဆုံးကြတာဖြစ်ပေမယ့် ​တချို့က ​ငလျင်လှုတ်ခတ်လို့ ​ထိပ်လန့်တကြား ​ထွက်ပြေးနေတုန်း ​တစ်ဦးပေါ်တစ်ဦး ​တက်နင်းမိပြီး ​သေဆုံးရတာ ​ဖြစ်ပါတယ်။

ပြင်းအား ​၇.၁ ​ရှိတဲ့ ​မြေငလျင်ကြောင့် ​အနည်းဆုံး ​လူပေါင်း ​၉၃ ​ယောက် ​သေဆုံးခဲ့ရသလို ​လမ်းတွေ ​ကျိုးပြတ်တာတွေ၊ ​ချိုင့်ဝင်တာတွေအပြင် ​မြေပြိုမှုတွေလည်း ​ဖြစ်နေတဲ့အတွက် ​ကူညီကယ်ဆယ်ရေး ​လုပ်ငန်းတွေ ​နှောင့်နှေးနေရပါတယ်။

ဖိလိပိုင်နိုင်ငံမှာ ​ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ​ဒုက္ခရောက်နေရသလို ​ဂျပန်နိုင်ငံမှာလည်း ​ဆယ်နှစ်အတွင်း ​အပြင်းထန်ဆုံး ​မုန်တိုင်းတစ်ခု ​ဒီကနေ့ ​ဝင်ရောက်ဖို့ ​ရှိနေပါတယ်။

တစ်နာရီကို ​ကီလိုမီတာ ​၂၀၀ ​အထိရှိမယ့် ​လေပြင်းမုန်တိုင်းတိုက်ခတ်ဖို့ရှိပြီး ​လှိုင်းလုံးကလည်း ​၁၂ ​မီတာအထိ ​မြင့်တက်ဖို့ရှိတယ်လို့ ​ခန့်မှန်းထားကြပါတယ်။

အဲဒီမုန်တိုင်းဟာ ​တိုကျိုမြို့ကနေတဆင့် ​ဆူနာမီဒဏ်ကြောင့် ​ပျက်စီးနေတဲ့ ​ဖူကူရှီးမားနျူးကလီးယား ​စက်ရုံရှိရာဖက်ကိုပါ ​ဦးတည်ဖို့ ​ရှိတဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ​ရထားနဲ့ ​လေယာဉ်ပြေးဆွဲမှုတွေ ​ရပ်တန့်ထားပြီး ​အလုပ်သမားတွေကိုလည်း ​အိမ်မှာပဲ ​နေကြဖို့ ​တိုက်တွန်းထားပါတယ်။

                                                                                                 ABC Radio Australia


0 Comment Box:

Post a Comment


 

Comment Box

Followers