Tuesday, October 1, 2013

ချန်ပီယံလိဂ် နိုင်ပွဲအတွက် အဖြေရှာရမည့် ချဲလ်ဆီး

 
မော်ရင်ညို၏ ချဲလ်ဆီးအသင်းဟာ ယနေ့ညမှာတော့ ရိုမေးနီးယားမြေမှာ ချန်ပီယံလိဂ် အုပ်စု (E) ၏ ဒုတိယပွဲစဉ် အဖြစ် အိမ်ရှင် စတူအာဘူခါရက် အသင်းဖြင့် ယှဉ်ပြိုင်ကစားရမှာဘဲ ဖြစ်ပါသည်။ လက်ရှိ အုပ်စုမှာ ရှော်ကေးက စတူအာဘူခါရက်ကို ၃ ဂိုးပြတ်နိုင်ထားတာမို့ အုပ်စု ပထမနေရာ ဖြစ်နေပါတယ်။ ဘေဆယ်အသင်းကတော့ ချဲလ်ဆီးကို ၂ ဂိုး ၁ဂိုးဖြင့် နိုင်ထားလို့ အုပ်စု ဒုတိယနေရာမှာပါ။ ချဲလ်ဆီးအနေဖြင့် ပထမပွဲစဉ် ရှုံးနိမ့်ထားတာကြောင့် အမှားခံလို့မရပါဘူး။ ယခင်နှစ်က ယူရိုပါလိဂ် ဒုတိယအကျော့ရှုံးထွက်မှာ တွေ့ဆုံဖူးခဲ့ကြပါတယ်နောက်ဆုံးတွေ့ဆုံမှုအဖြစ် စတူအာဘူခါရက် အသင်းကို ၃ ဂိုး ၁ဂိုးဖြင့်နိုင်ဖူးထားပါသေးတယ်။ သူတို့ (၂) သင်းအနေဖြင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာအမှတ်ရယူနိုင်ရေး တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။ ချဲလ်ဆီးအသင်းမှာ လောလောဆယ် ကြီးကြီးမားမားဒဏ်ရာ ရရှိထားတာက ဗန် ဂင်ကယ် တစ်ယောက်ဘဲရှိနေတာပါ။ ဟာဇက်တစ်ယောက်လည်း ဒဏ်ရာအခြေအနေ ဖြစ်နေတယ် လို့ကြားသိရပါတယ်။

လက်ရှိအနေဖြင့် တောရက်စ်၊ ၀ီလီယံ၊အော်စကာ၊ မာတာ၊ ရာမီးရပ်၊ လမ်းပတ်၊အရှလေကိုးလ် ၊ ကာဟေးလ်၊ အီဗန်နိုဗစ် တယ်ရီ နှင့် ပီတာချက်တို့ကို ပွဲထွက်ထုတ်သုံးဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါသည်။  လက်ရှိ ပရီးမီးယားလိဂ်မှာတော့ ချဲလ်ဆီးအသင်းက စပါးအသင်းကို အဝေးကွင်းမှာ ၁ ဂိုးစီသရေ ကျခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် (၅) မှာရပ်တည်နေပါတယ်။ စတူအာဘူရက်ကတော့ ရိုမေးနီးယားလိဂ်မှာ ရာသီအစ ရလဒ်ကောင်းတွေနဲ့ စတင်နေပြီး ၆ ပွဲနိုင်၊ တပွဲ သရေ ဖြင့် ဇယားထိပ်မှာ တည်ရှိနေပါတယ်။ စတူအာဘူရက်မှာ အားထားရတဲ့ တိုက်စစ်မှုးများ ပွဲစဉ်ကို လွဲချော်မှာမို့ ချဲလ်ဆီးကို ပိုမိုအလေးပေးမိကြောင်းပါ။ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များကို ရုရှားကလပ် CSKA မော်စကို  အိမ်ကွင်း နှင့် ဇင်းနစ် အသင်းတို့၏ အိမ်ကွင်း ပွဲစဉ်ချိန် (မြန်မာစံတော်ချိန်(၁၀း၃၀) ) မှလွဲပြီး ကျန်တဲ့အသင်းများ ၁း၁၅ မှာ စတင်ကန်ရမှာ ဖြစ်ကြောင်းအသိပေး အကြောင်းကြားလိုက်ပါရစေ..။။

                                                                                      Written by မိုးတိမ် (တမာမြေ) 
                                                                                      FOOTBALL CAFE
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers