Tuesday, October 8, 2013

အင်ဒီကားပြိုင်ပွဲဆုများရှင် ပြိုင်ပွဲတွင် ပြင်းထန်သောကားတိုက်မှုဖြစ် ပွဲကြည့်သူ ၁၃ဦး ထိခိုက်ဒဏ်ရာရ


ဟော်စတွန်တွင် ကျင်းပ သော Grand Prix of Houston အင်ဒီကားပြိုင်ပွဲတွင် အင်ဒီယား နားပိုလစ်ပြိုင်ပွဲများတွင် သုံးကြိမ် တိုင်တိုင်ဆုများ ဆွတ်ခူးရရှိခဲ့သူ ဒါရီယိုဖရန်ချက်တီသည် ပြင်း ထန်သော ကားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ပွဲကြည့် ပရိသတ် ၁၃ဦးလည်း ထိခိုက်မိ ကြောင်း အာဏာပိုင်များက ပြော ခဲ့သည်။

အဆိုပါအဖြစ်အပျက်သည် ကားပြိုင်ပွဲနောက်ဆုံးပတ်လမ်း တွင် ယှဉ်ပြိုင်စဉ်ဖြစ်ပွားခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံသားပြိုင်ပွဲဝင် တာကူမာဆေတိုသည် ဖရန်ချက် တီ၏ကားကို တိုက်မိခဲ့ပြီးနောက် ထိုကားမှာလေထဲသို့ မြောက်ထွက် သွားခဲ့ပြီး အကာအကွယ်လုပ် ထားသော ခြံစည်းရိုးသို့ အကြိမ် ပေါင်းများစွာ လည်ပြီး ပြုတ်ကျ ခဲ့သည်။

ထို့နောက်ကားမှ မှန်ကွဲစ များ၊ အစိတ်အပိုင်းများ တစ်စ စီပြုတ်ထွက်လွင့်စဉ်ကျခဲ့သည်။ ပွဲကြည့်ပရိသတ် သုံးဦးကို ဒေသ ဆိုင်ရာ ဆေးရုံသို့ ပို့ထားခဲ့ပြီး ကျန်းမာရေးအခြအနေကောင်း မွန်ကြောင်း သိရသည်။ ကျန်ရှိ နေသော ထိခိုက်ဒဏ်ရာရသူပွဲ ကြည့် ပရိသတ်များကိုလည်း ဆေး ကုသပေးနေသည်ဟု သိရသည်။ အသက် ၄ဝအရွယ်ရှိသော ဖရန် ချက်တီသည် ဦးနှောက်ပိုင်းဆိုင် ရာ ပျက်စီးသွားခဲ့ပြီး ကျောရိုး နှင့်ခြေမျက်စိလည်း ကျိုးကြေ သွားခဲ့ရသည်။
သို့သော်လည်း ၎င်း၏ ကျောရိုးမှာ ခွဲစိတ်ကုသရန်မလို အပ်ဟု အင်ဒီကားပြိုင်ပွဲဆေးဝါး ဝန်ဆောင်မှု ဒါရိုက်တာဒေါက်တာ မိုင်ကယ်အိုလင်ဂျာက ပြော ခဲ့သည်။




                                                                                    Yangon Media Group


0 Comment Box:

Post a Comment


 

Comment Box

Followers