Thursday, October 17, 2013

အိန္ဒိယနိုင်ငံ နာဂပူမြို့ လူတစ်သိန်းကျော် ဗုဒ္ဓဘာသာ ခံယူပွဲ ကျင်းပ

 

အိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးအများစုနေထိုင်သော နာဂပူမြို့၌ လူတစ်သိန်းကျော်သည် ဟိန္ဒူဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းခြင်းအခမ်းအနားကို အဆိုပါမြို့ ရှိ ဒေါက်တာအမ်ဘေဒကာ၏ အထိမ်းအမှတ် အဆောက်အဦဝင်းအတွင်း၌ (13 -10 -2013)ရက်က ကျင်းပရာ ဂယာမြို့ မဂဓတက္ကသိုလ်၌ တက်ရောက်နေသော တပည့်ဖြစ်သူ အရှင်ဂုဏိဿရ(သာသနဓဇဓမ္မာစရိယ)အပါအဝင် မြန်မာရဟန်းတော်(၁၅)ပါးထိုင်းရဟန်းတော်(၁၀)ပါး နာဂပူမြို့ခံရဟန်းတော်(၂၀၀)ပါး နှင့်မြို့သူမြို့သားပရိသတ်ရှစ်သိန်းကျော်တက်ရောက်ကြပါသည် ယခင် ပရိသတ်(၁၅)သိန်းခန့်တက်ရောက်ဖို့စီစဉ်ထားသော်လည်း အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမားအချို့က ဗုံးဖေါက်ခွဲမည်ဟု သတင်းလွှင့်မှုကြောင့် ထက်ဝက်ခန့်သာတက်ရောက်ရဲကြောင်းသိရပါသည် အခမ်းအနားမှာ သရဏဂုံဆောက်တည်ခြင်းဖြင့် ဘာသာခံယူကြပြီး သံဃာတော်များကလည်း ပိဋကသုံးပုံအလှည့်ရွတ်ဆိုကာနာဂပူမြို့တပ်မတော် မှလည်း စစ်တီးဝိုင်းဖြင့်ဂုဏ်ပြုပါသည် နာဂပူမြို့သည် ရန်ကုန်မြို့ထက်ကြီးမားကြောင်းလည်းသိရှိရပါသည်။

                                                                                         by ဗိုင်း ရပ်စ်

                                                                                        FROM  မျိုးချစ် ဇာဏီ


1 Comment Box:

yadananagon said...

ဒီ သတင်းက မမှန်ပါဘူး အန္ဒိယနိုင်ငံ နာဂပူမြို့က ဗုဒွဘာသာ အများကြီးနေထိုင်ခဲ့တဲ့ မြို့ပါ ဒေါက်တာ အမ်ဘေဒကာ က လွန်ခဲ့တဲ့ နစ်ပေါင်း ငါးဆယ်လောက် က ဆရာတော် ဦးစန္ဒမဏိ နင့် အတူ ဇာတ်နိမ့် ဟိန္ဒူ ဘာသာဝင်တွေ ဗုဒွဘာသာအဖြစ် လူပေါင်း နစ်သန် သုံးသန်းလောက် ပြောင်းပေးခဲ့တာပါ. သူတို့က ဒေါက်တာ အမ်ဘေဒကာ ကို အောင့်မေ့ သတိရ အနေနင့် တစ်နစ်တစ်ခါ ဒီရှဘူမိ မှာ ဘုရားပွဲ ပူဇော်ကန်တော့ ပွဲ ပုံစမျိုး လုပ်ကြတာပါ. စာရေးသူက အန္ဒိယနိုင်ငံ နာဂပူမြို့ နာဂပူတက္ကသိုလ် PhD လုပ်ပြီး ကျောင်းတက်နေတာ သုံးနစ်ရှိပါပြီး ဘုရားပွဲ ကိုလည်း ရောက်ပါတယ် ဗုဒွါဂယာ က ရဟန်းတော်တွေ ၀င်မိုး အဖွဲ့ နင့်အတူ ပိဌက ရွတ်ဖတ်ဖို့ ကျောင်းသား ဥက္ကဌ ဆရာတော် ဦးဇ၀န တို့နင့် အတူလာတာကို တွေ့ပါတယ် သူတို့ ဖေစ်ဘုတ်မှာ တင်သလို့ လူတစ်သိန်း အသစ် ဗုဒွဘာသာအဖြစ်ပြောင်းတယ်ဆိုတာ မဟုတ်ပါဘူး. ဖေစ်ဘုတ်က အခြေအမြစ်မရှိတဲ့ သတင်းပါ. နစ်စဉ်နစ်တိုင်း ဘုရားပွဲ ဟာ အန္ဒိယ တစ်နိုင်ငံလုံး ဗုဒွဘာသာဝင် ကိုးသန်းလောက် လောက်လာကြပါတယ်. ဒါက ပုံမှန် နစ်စဉ်နစ်တိုင်းပါဘဲ.အသစ်ဗုဒွဘာသာ တစ်သိန်းလောက်ပြောင်းတယ်ဆိုယင် ဘယ်ဆရာ ဘယ်ဘုန်းကြီးက ဦးဆောင်ပြီးတော ဗုဒွဘာသာ ခံယူပွဲလုပ်ပါ လဲ သိချင်ပါတယ်.

Post a Comment


 

Comment Box

Followers