Saturday, October 12, 2013

ငွေကို ရေလို တကယ်ချိုးပြသည့် ဓာတ်ပုံကြောင့် အခွန်ရှောင်မှုပေါ်

ဖိလစ်ပိုင်သူ Jeane Napoles သည် ရေချိုးကန်ထဲတွင် ငွေအပြည့်
ထည့်ကာ ငွေကိုရေလို တကယ် သုံးပြထားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်မိရာမှ အခွန်ရှောင်သည့် အမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။
လတ်တလောတွင် အမေရိကန်တွင် နေထိုင်နေသော ဖိလစ်ပိုင်နိုင်ငံသား Jeane Napoles  အသက် ၂၃ နှစ်သည်
ငွေကန်ထဲတွင် စိမ်နေသည့်ပုံများ ၊ အကောင်းစား ကွန်ဒိုတိုက်ခန်းတွင် ပျော်ရွှင်နေသည့် ပုံများနှင့် အဖိုးတန်
လတ်ဝတ်ရတနာများ ၀တ်ဆင်ကာ ရိုက်ကူးထားသည့် ပုံများကို သူမ၏ လူမှုကွန်ရက်တွင် တင်မိရာမှ
ပြည်တွင်း အခွန်ဌာနမှ သတိပြုမိကာ အခွန်ရှောင်သည့် အမှုနှင့် စွဲဆို ခံနေရသည်။

ဖိလစ်ပိုင် နိုင်ငံသားအနက် ၂၈ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသည်။ ပြည်တွင်း အခွန် ဌာနမှ
အကြီးအကဲ ဖြစ်သူ Kim Henares  အင်တာနက်မှ တစ်ဆင့် သူမကို ခြေရာ ခံမိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊
လော့စ်အိန်ဂျလိတွင် ဖက်ရှင်ဒီဇိုင်းပညာ သင်ယူနေသည့် Jeane Napoles  ၏ တိုက်ခန်းမှာ အမေရိကန် ဒေါ်လာ
၁.၃ သန်းတန်ကြောင်းနှင့် သူမ ပေးဆောင်ရမည့် အခွန်များကို ၂၀၀၈ ခုနှစ်ကတည်းက ပျက်ကွက်ခဲ့ကြောင်း
စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

Jeane Napoles သည် အမေတူ သမီးဟု ဆိုရမည်လားမသိ။ လက်ရှိအချိန်တွင် သူမ၏ မိခင် Janet Napoles
သည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံး ငွေအလွှဲသုံးစားမှုဖြင့် အချုပ်ထဲတွင် အမိန့်ချမည့် ရက်ကို စောင့်နေရသူ ဖြစ်သည်။
Janet Napoles အလွဲသုံးစားလုပ်သည့် ငွေပေါင်းမှာ ဒေါ်လာ ၂၃၂ သန်းအထိ ဖြစ်သည်။

ဖိလစ်ပိုင်တွင် ယင်းသို့သော အမှုမျိုးဖြင့် ထောင်ဒဏ် အပြစ်ပေးခံရသူများထဲတွင် သမ္မတဟောင်း
ဂလိုရီယာအာရိုယို သည်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။ Henares က ယခု Jeane Napoles ကို စွဲဆိုချက်သည်
နိုင်ငံရေးကိစ္စ တစ်စုံတစ်ရာ မပါဘဲ အခွန်ဥပဒေ သက်သက်ကြောင့်သာ ဖြစ်သည်ဟု အတိအလင်း ဆိုထားသည်။

                                                                             Ref:Mailonline(UK)
      
                                                                                          The Myanma Age
 

0 Comment Box:

Post a Comment


 

Comment Box

Followers